By RFA/ 2021 November 19
■ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အချိန် နှစ်နှစ်ကျော်ကြာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၃ ဦးကို နိုဝင်ဘာလ ၁၉ ရက် ဒီနေ့မှာ အပြီးသတ် အမိန့်ချမှတ်ဖို့ ရုံးချိန်းထားခဲ့ပေမယ့် အမိန့်မချဘဲ ထပ်မံရုံးချိန်းရွှေ့ဆိုင်းခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
တရားသူကြီး ခွင့်ယူထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုကို အမိန့်မချဘဲ လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်တာလို့ အကျိုးဆောင်ရှေ့နေ ဦးခိုင်သန့်ဇင် က RFA ကို ပြောပါတယ်။
ဒီအမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကပင် အပြီးသတ် အမိန့်ချမှတ်ရမှာ ဖြစ်ပေမယ့် နိုဝင်ဘာလ ၁၉ ရက် ဒီနေ့ကို ရွှေ့လိုက်တာဖြစ်သလို ဒီနေ့မှာလည်း အလားတူအမိန့်မချဘဲ နောက်ထပ်ရုံးချိန်း ချိန်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
မိသားစုဝင်တွေကတော့ သူတို့ရဲ့မိသားစုဝင်တွေ ဖမ်းဆီးခံထားရတာ အချိန်လည်း ကြာနေပြီဖြစ်သလို အကြိမ်ကြိမ် ရုံးချိန်လာဖို့အတွက်လည်း ငွေကြေး အခက်အခဲဖြစ်နေပြီး မိသားစု စားဝတ်နေရေးဟာလည်း တော်တော်လေးကို ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူတို့တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ အမြန်ဆုံး အမိန့်ချမှတ်ပေးဖို့ကို တောင်းဆိုတယ်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ လက္ကာကျေးရွာသား ဦးခင်မောင်စိုးရဲ့ အမျိုးသမီးဖြစ်သူ ဒေါ်သိန်းမယဉ်က ပြောပါတယ်။
ဒေါ်သိန်းမယဉ်ရဲ့ အမျိုးသားဖြစ်သူ ဦးခင်မောင်စိုး အပါအဝင် လက္ကာရွာသား ၂၇ ဦးကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ရွာအနားမှာဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြီး စစ်တပ်က ဖမ်းခေါ်သွားတာဖြစ်ပါတယ်။
နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ ၂၀၂၀ ခုနှစ် သြဂုတ်လကပဲ တိမ်ညို စစ်ဘေးဒုက္ခသည်စခန်းကနေ ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီအထဲက ကိုဇော်မျိုးထွန်း၊ ဦးသိန်းထွန်းစိန်နဲ့ ဦးမောင်သန်းနုတို့ သုံးဦးကတော့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးက ပြီးခဲ့တဲ့ မေလထဲမှာ အမှုရုပ်သိမ်းလို့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ ၁၀၀ ကျော် ရှိနေသေးတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောဆိုထားကြပါတယ်။အမိန့်မချဘဲ ထပ်မံရုံးချိန်းရွှေ့ဆိုင်းခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
တရားသူကြီး ခွင့်ယူထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုကို အမိန့်မချဘဲ လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်တာလို့ အကျိုးဆောင်ရှေ့နေ ဦးခိုင်သန့်ဇင် က RFA ကို ပြောပါတယ်။
ဒီအမှုကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၅ ရက်နေ့ကပင် အပြီးသတ်အမိန့်ချမှတ်ရမှာဖြစ်ပေမယ့် နိုဝင်ဘာလ ၁၉ ရက် ဒီနေ့ကို ရွှေ့လိုက်တာဖြစ်သလို ဒီနေ့မှာလည်း အလားတူအမိန့်မချဘဲ နောက်ထပ်ရုံးချိန်း ချိန်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
မိသားစုဝင်တွေကတော့ သူတို့ရဲ့မိသားစုဝင်တွေ ဖမ်းဆီးခံထားရတာ အချိန်လည်းကြာနေပြီဖြစ်သလို အကြိမ်ကြိမ်ရုံးချိန်လာဖို့အတွက်လည်း ငွေကြေးအခက်အခဲဖြစ်နေပြီး မိသားစုစားဝတ်နေရေးဟာလည်း တော်တော်လေးကို ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူတို့တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ အမြန်ဆုံးအမိန့်ချမှတ်ပေးဖို့ကို တောင်းဆိုတယ်လို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ လက္ကာကျေးရွာသား ဦးခင်မောင်စိုးရဲ့ အမျိုးသမီးဖြစ်သူ ဒေါ်သိန်းမယဉ်က ပြောပါတယ်။
ဒေါ်သိန်းမယဉ်ရဲ့ အမျိုးသားဖြစ်သူ ဦးခင်မောင်စိုး အပါအဝင် လက္ကာရွာသား ၂၇ ဦးကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ရွာအနားမှာဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြီး စစ်တပ်က ဖမ်းခေါ်သွားတာဖြစ်ပါတယ်။
နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ ၂၀၂၀ ခုနှစ် သြဂုတ်လကပဲ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကနေ ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီအထဲက ကိုဇော်မျိုးထွန်း၊ ဦးသိန်းထွန်းစိန်နဲ့ ဦးမောင်သန်းနုတို့ သုံးဦးကတော့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးက ပြီးခဲ့တဲ့ မေလထဲမှာ အမှုရုပ်သိမ်းလို့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ ၁၀၀ ကျော် ရှိနေသေးတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောဆိုထားကြပါတယ်။