ရခိုင်အခြေစိုက် Western News သတင်းဌာနကို ရဲတပ်ဖွဲ့များ လာရောက်ရှာဖွေ

By Western News/ 2021 November 19

ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းဌာန နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်း ၉ နာရီ ဝန်းကျင်ခန့်က ရဲတပ်ဖွဲ့များက လာရောက်ရှာဖွေခဲ့သည်။

ယင်းသို့ ရဲတပ်ဖွဲ့များအပါအဝင် SB ဟု ယူဆရသူများကလည်း Western News သတင်းဌာနအခြေစိုက်ရာ နေရာအား စစ်တွေမြို့ရပ်ကွက်များတွင် စုံစမ်းမေးမြန်းမှုများရှိခဲ့သည်။

အဆိုပါအခြေအနေနှင့်ပတ်သက်၍ Western News သတင်းဌာမှ အယ်ဒီတာချုပ်ဖြစ်သူက “ရဲတပ်ဖွဲ့တွေပါတယ်။ မြို့နယ်မှူးပါတယ်။ (SB)လို့ယူဆရသူတွေ က ကျွန်တော်တို့ရုံးဘယ်မှာရှိလဲဆိုတာကို လာရောက်စုံစမ်းမှုတွေရှိတယ်ပေါ့။ ရုံးရှိရာကို ဘယ်မှာလဲဆိုတာ သေချာမေးမြန်းနေကြတယ်” ဟုပြောသည်။

Western News သတင်းဌာနမှ AA က ကျဆုံးခဲ့သည့်ဗိုလ်လောင်း ၈ ယောက်ဦး၏ သတင်းရေးသားခဲ့သည်နှင့် ပတ်သက်၍ လာရောက်စုံးစမ်းခြင်းဖြစ်သလို ရခိုငြ်ပည်နယ်အတွင်း စစ်တပ်က လူ့အခွင့်အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သတ်၍ ရေးသားခဲ့သည့်အပေါ် ယခု ကဲ့သို့ လာရောက် စုံစမ်းစစ်ဆေးမှုများလုပ်သည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းအပြင် နောက်ထပ်ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Narinjara သတင်းဌာနာမှလည်း “AA ဗိုလ်လောင်း ၈ ဦး အောက်မေ့ဖွယ်အခမ်းအနား စစ်တွေတွင်ပြုလုပ်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့မှုကြောင့် အဆိုပါသတင်းဌာနကိုလည်း SB ဟု ယူဆရသူများမှ လာရောက်စုံစမ်းမှုများရှိခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက “၇ နှစ်ပြည့်ပြီဖြစ်သည့် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခြင်းခေါင်းစဉ်နဲ့ ရေသားဖော်ပြခဲ့သည်။

ယင်းနောက် “စစ်တွေတွင် ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်း ၈ ယောက်ကျဆုံးခြင်း အထိမ်းအမှတ်အခမ်းအနား ပြုလုပ်”ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို ဆက်လက်ဖော်ပြခဲ့ပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့ လာရောက်စုံစမ်းမှု များပြုလုပ်ခဲ့သည်ဟု ယူဆရကြောင်း Western News အယ်ဒီတာချုပ်ဖြစ်သူ ပြောကြားချက်အရသိရသည်။

https://www.facebook.com/westernnewsagency/posts/412694883870355

Leave a Reply

Your email address will not be published.