By Western News/ 2021 November 5

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ၃ နှစ်ခန့်အတိုးအတွင်း၌ မုဒိမ်းမှု ၃ မှုနှင့် မုဒိမ်းကျင့်ရန် ကြံစည်မှု ၅ မှုအထိရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏အချက်အလက်များအရ သိရသည်။
ယခုအမှုများမှာ တရားဝင်သိရှိထားသည့်အမှုများသာဖြစ်ပြီး ပြင်ပသို့ပေါက်ကြားမှုမရှိဘဲ အချင်းချင်းညှိနှိုင်း ကာပြီးသွားသည့် အမှုများလည်းရှိသည်ဟု REC ၏အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။
“ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုတွေကတော့ ၃ မှုရှိတယ်။ နေရာတွေကတော့ ရသေ့တောင်နယ်၊ ဘူးသီးတောင်နယ်၊ ကျောက်တော်နယ်ဘက်တွေပေါ့။ နောက်ထပ်ကြံစည်မှုကတော့ ကျနော်တို့သတင်းရသလောက် ၅ မှုလောက်ရှိတယ်။ နောက်ထပ်မသိဘဲ ဖြစ်သွားတဲ့အမှုတွေလည်းအများကြီးရှိသေးတယ်။ ဖြစ်တာကတော့ ကျောက်ဖြူ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း အဲ့ဖက်တွေမှာလည်း ဖြစ်တတ်ကြတယ်” ဟုပြောသည်။
မုဒိမ်းကျင့်ခံရသူများမှာ အသက်ရွယ်အပိုင်းအခြားအရ ၅ နှစ်မှ လူကြီးပိုင်းအထိရှိတတ်ကာ စခန်းနေသူအချင်း ချင်းဖြစ်ပွားမှုများပြီး ဤသို့ဖြစ်ပွားခြင်းမှာ စစ်ရှောင်စခန်းတွင်း ဥပဒေအကာကွယ်နည်းမှုနှင့် လုံခြုံမှုအားနည်း ခြင်းတို့ကြောင့်ဖြစ်သည်ဟု သူကဆက်ပြောသည်။
အောက်တိုဘာလ နောက်ဆုံးပတ်ထဲ၌ ကျောက်တော်မြို့နယ် ဝါးတောင်စခန်းတွင် အသက် ၁၂ အရွယ်အမျိုး သမီးငယ်ကို ခရီးသွားတစ်ယောက်မှ စခန်းမှလမ်းပြရန်ခေါ်ယူပြီး မုဒိမ်းကျင့်ရန်ကြံစည်ဖြစ်ပွားမှုတို့ရှိခဲ့သည်။
စခန်းတွင်း ဖြစ်ပွားသည့် မုဒိမ်းမှုများမှာ စစ်ဘေးရှောင်များ၏ စိတ်ပိုင်းဆိုင်ရာအခြေနေများကြောင့်လည်းဖြစ်ပြီး ပြင်ပလူများ၏ အထင်မြင်သေးခံရမှုကြောင့်တို့လည်းဖြစ်သည်ဟု ကျောက်တော်နယ်မှ မုဒိမ်းမှုဖြစ်ပွားခဲ့သည့် စခန်းတစ်ခုမှ စစ်ရှောင်တစ်ဦးကပြောသည်။
ရခိုင်ဒေသရှိ စစ်ရှောင်စခန်းများတွင်ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများနှင့် ကြံစည်မှုများကို သက်ဆိုင်သူများဖက်မှ တာဝန်ယူဖြေရှင်းပေးမှုများ အားနည်းသည်ဟု စစ်ဘေးရှာင်များ၏ ပြောဆိုချက်အရသိရသည်။
https://www.facebook.com/westernnewsagency/posts/403365218136655