ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုကျဆင်းလာသော်လည်း ပိုးတွေ့ ရှိမှုနှင့် သေဆုံးမှုဆက်ရှိနေသေး

By Western News/ 2021 November 26

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကျဆင်နေသော်လည်း ပိုးတွေ့ရှိမှုနှင့် သေဆုံးလူနာများရှိနေဆဲဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်- ၁၉ တတိယလှိုင်းဖြစ်ပွားမှုကြောင့် အတည်ပြုလူနာ ၄၉၉၆ ဦးထိရှိခဲ့ပြီး သေဆုံးလူနာ ၄၉၈ ဦးနှင့် ကုသဆဲလူနာ ၂၄ ဦးရှိနေသေးသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်ထားသည်။

ကိုဗစ်ကူးစက်မှုကျဆင်းသွားသော်လည်း လုံးဝကင်းစင်သွားခြင်းမဟုတ်ဘဲ ပိုးတွေ့မှုနှင့်သေဆုံးမှုတွေရှိနေသေးပြီး ပြည်သူများအနေဖြင့်မပေါ့ဆကြရန်နှင့် အပြင်ထွက်တိုင်း မတ်စ် Mask တပ်ကြရန် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်း ပြောဆိုသည်။

“ကျွန်တော်တို့ပြည်နယ်မှာက ကိုဗစ်လုံးဝကင်းစင်းသွားတာမျိုးမဟုတ်သေးဘူး။ ပိုးတွေ့လူနာနှင့် သေဆုံးလူနာတွေရှိနေတယ်။ ပြည်သူများအနေဖြင့်လည်း ကိုဗစ်ပေါ့ဆမှုတွေမဖြစ်စေချင်ဘူး။ အပြင်ထွက်ရင် Mask တွေတပ်စေချင်တယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၂၆ ရက်နေ့က ပိုးတွေ့လူနာမရှိသော်လည်း ရမ်းဗြဲမြို့နယ်တွင် ပိုးတွေ့လူနာတစ်ဦးသေဆုံးမှုရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၁၈နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံရမည့်လူဦး‌ရေ ၁၈၅၁၄၄၅ ခန့်ရှိပြီး ပထမအကြိမ်အဖြစ်ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ ၇၄၁၄၄၈ ဦးရှိပြီဖြစ်ပြီး ဒုတိယအကြိမ်ပါထိုးနှံပြီးထားသူ ၅၃၅၀၇၉ ဦးရှိကာ ဆေးထိုးနှံရန်ကျန်ရှိနေသူ ၁၁၀၉၉၉၇ ခန့်ရှိသေးသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ထို့အပြင် ၁၂ နှစ်အထက်ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုနှံပြီးသူ ၁၆၆၀၀၀ ကျော်ထိုးနှံထားပြီးဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/417521930054317

Leave a Reply

Your email address will not be published.