ရခိုင်တွင် ကျောင်းသား၊ ကျောင်းသူ ၁ သိန်း ၆ သောင်းကျော် ကျောင်းမတက်ရောက်နိုင်သေး

By Western News/ 2021 October 3

ရခိုင်ပြည်နယ်ရှိ အခြခံပညာ သင်ကျောင်းများတွင် နိုဝင်ဘာ ၂ ရက်နေ့အထိကျောင်းသား၊ ကျောင်းသူ ၁ သိန်း ၆ သောင်း ၇ ထောင် ၈ ရာကျော်မတက်ရောက်နိုင်သေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။

၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် ပုံမှန်ကျောင်းဖွင့်ချိန်ဖြစ်သည့် ဇွန်လအတွင်းက တစ်ပြည်နယ်လုံးတွင် ကျောင်းတက်ရောက်မှု ၅၁၀၉၀၅ ဦးထိရှိခဲ့သည်။ နိုဝင်ဘာ ၁ ရက်နေ့ကျောင်းများ ပြန်ဖွင့်ပြီးနောက် နိုဝင်ဘာ ၂ ရက်နေ့အထိ ကျောင်းပြန်တက်သူ ဦး ရေ ၃၄၃၀၂၁ ဦးသာရှိသေးသည်ဟု ရခိုင်ပြည်နယ် ပညာရေးမှုးရုံးမှသိရ သည်။

ကျန်ရှိသေးသည့် ကျောင်းသား ကျောင်းသူ ၁ သိန်းကျော်မှာ လက်ရှိတွင် အကြောင်းအမျိုးမျိုးကြောင့် မတက် ရောက်နိုင်ကြသေးသော်လည်း လာမည့်အပတ်တွင် အကုန်လုံးရောက်ရှိလာနိုင်သည်ဟု ရခိုင်ပြည်နယ် ပညာ ရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းကပြောသည်။

“ရခိုင်မှာက ကျောင်းသားမိဘတွေက တောင်သူတောင်သားတွေများတယ်။ ပထမနေ့က ဖွင့်တဲ့အခါ ၃ သိန်းကျော် လေးပဲရောက်တယ်။ နောက်တစ်နေ့ကျတော့ ၃ သိန်း ၄ သောင်းကျော်သွားပြီလေ။ အဲ့ဒါကြောင့် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ကျောင်းအပ်နှံမှု စာရင်း ဒီတစ်ပတ်ကုန်လောက်မှာ အကုန်လုံးပြန်လည် စုံစုံလင်လင် ရောက်ရှိလာမယ်လို့ထင်ပါတယ်”ဟုပြောသည်။

လက်ရှိတွင် ကျောင်းများပြန်ဖွင့်ပြီဆိုသော်လည်း ကိုဗစ် အခြေအနေကြောင့် စိုးရိမ်နေမှုနှင့် နေရပ်မှ အဝေးသို့ သွားရောက် ကျောင်းအပ်နှံထားခြင်းဖြစ်သည့်အတွက် လာမည့်အပတ်မှသာ ကျောင်းပြန်တက်ရောက်နိုင်မည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာမှ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဦးဖြူသာထွန်းကပြောသည်။

“ကျောင်းဖွင့်နေတာလည်း ၂ ရက် ရှိပြီ။ ဒီမှာလည်း ကျောင်းသားတွေ တော်တော်များများတက်နေတာ တွေ့ရပါ တယ်။ ဦးလေးတို့မှာက သားလေးကို စစ်တွေမှာ ကျောင်းအပ်ထားတာဆိုတော့ သူဟိုမှာ အဆင်ပြေပြေနေထိုင် နိုင်ဖို့ စီစဉ်နေတုန်းပဲ။ ပြီးတော့ကိုဗစ် အခြေအနေကိုလည်းနည်းနည်းစောင့်ကြည့်တဲ့သဘောပါ။ နောက်အပတ် လောက်မှ စစ်တွေကို သွားပို့မယ်”ဟုပြောသည်။

ယင်းပြင် ရခိုင်ပြည်နယ်၁၇ မြို့နယ်ထဲမှ ၁၆ မြို့နယ်ရှိ အခြေခံပညာသင်ကျောင်းများကို ပြန်လည် ဖွင့် ထားပြီဖြစ် သော်လည်း ဂွမြို့နယ်ကိုမူ ကိုဗစ်ရောဂါအခြအနေကြောင့် ဆက်လက်ပိတ်ထားရပြီး မြန်မာနိုင်ငံကိုဗစ်ထိန်းချုပ် ရေး ဗဟိုအဖွဲ့မှ ခွင့်ပြုချက်ရလျှင် ပြန်ဖွင့်မည် ဟုလည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှသိရသည်။

၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ပုံမှန်ကျောင်းဖွင့်ချိန်ဖြစ်သည့် ဇွန်လ ၁ ရက်နေ့တွင် ပြန်ဖွင့်ခဲ့သော်လည်း ကိုဗစ် တတိယလှိုင်းဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ဇူလိုင် ပထမပတ်မှ နိုဝင်ဘာလအထိ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိကိုဗစ် ပိုးတွေ့မှုနှင့်သေဆုံးမှုနှင့်သေဆုံးမှုလျော့နည်း သွားပြီဖြစ်သည့်အတွက် အခြခံပညာသင်ကျောင်း နိုဝင်ဘာ ၁ ရက်နေ့မှစ ကာ ပြန်လည်တက်ရောက်နေကြပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/402217848251392

Leave a Reply

Your email address will not be published.