ရခိုင်ကျောင်းသားလေးဦးအတွက် ပြင်ဆင်မှု ပြည်နယ်တရားလွှတ်တော်လက်ခံ

By RFA/ 2021 November 9

■ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ဆန္ဒပြမှုနဲ့ ထောင်ဒဏ် နှစ်နှစ်ခွဲချမှတ်ခံထားရတဲ့ ရခိုင်ကျောင်းသားလေးဦးအမှုအတွက် ပြင်ဆင်မှုကို ရခိုင်ပြည်နယ်တရားလွှတ်တော်က ဒီနေ့ လက်ခံလိုက်တယ်လို့ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေ ဦးကျော်ညွန့်မောင်က RFA ကိုပြောပါတယ်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်းနဲ့ ကျောက်ဖြူပညာရေးကောလိပ်က ကိုမြတ်စိုးဝင်းတို့ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၆ ရက်နေ့က နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ်နဲ့ ဘေးစီမံဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ခြောက်လ စုစုပေါင်း နှစ်နှစ်ခွဲ အသီးသီးချမှတ်ခံထားရတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တွေခရိုင်တရားရုံးမှာ ကနဦးအယူခံတင်သွင်းခဲ့ရာမှာ ပယ်ချခံခဲ့ရတဲ့အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးကို ဆက်ပြီးပြင်ဆင်မှုတင်သွင်းခဲ့တာပါ။

ဒီနေ့ ရခိုင်ပြည်နယ်တရားလွှတ်တော်က ပြင်ဆင်မှုကို လက်ခံလိုက်တဲ့အတွက် စစ်တွေမြို့နယ်တရားရုံးကနေ မူလစစ်ဆေးခဲ့တဲ့အမှုနဲ့ ခရိုင်တရားရုံးမှာ အယူခံတင်သွင်းခဲ့တဲ့ အယူခံကိုလည်း ရခိုင်ပြည်နယ် တရားလွှတ်တော်ကနေ တောင်းခံထားပြီး တရားလိုဖြစ်တဲ့ ရဲမှူး ဇော်နိုင်ကိုလည်း တရားရုံးက ဆင့်ခေါ်စာထုတ်ထားတယ်လို့လည်းဆိုပါတယ်။

ဒါပေမဲ့ ဒီပြင်ဆင်မှုအတွက် နှစ်ဖက်လျှောက်လဲချက်ကို ဘယ်နေ့ပေးရမယ်ဆိုတော့ မသိရသေးပါဘူး။

အခုလို ကျောင်းသားတွေ ထောင်ဒဏ်ချမှတ်ခံထားရတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၆ ရက်နေ့က ရခိုင်အမျိုးသားပါတီရဲ့ ဗဟို Youth Wing ကလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ အဲဒီကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုခဲ့ပါတယ်။

https://www.facebook.com/rfaburmese/posts/10161468724583128

Leave a Reply

Your email address will not be published.