By Narinjara/ 2021 November 15
ရက္ခိုင့်တပ်တော် (AA)မှ စစ်သားနှင့် ရဲသား စစ်သုံ့ပန်း ၁၅ ဦးကို ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာတပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု Arakan Info Desk တွင် သတင်းဖော်ပြသည်။
ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊တောင်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာကြား၊ ကျောက်ကွင်း နေရာအနီး၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁၅) ရက်၊ ညနေ(၇) နာရီ (၃၀) မိနစ်အချိန်တွင် ဆေးဗိုလ်ကြီး ရဲလင်းစိုး အပါအဝင် သုံ့ပန်းစုစုပေါင်း(၁၅) ဦးအား မြန်မာ့တပ်မတော်ဖက်မှ ဗိုလ်မှူး ဇေခိုင်ဟိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ လွှတ်ပေးရခြင်းမှာ အချက် (၃) ချက်ကြောင့်ဟု ဆိုသည်။ ၎င်းတို့မှာ
(၁) နှစ်ရှည်လများ သုံ့ပန်းအဖြစ် ဖမ်းဆီးအထိန်းသိမ်းခံနေရသော သူများ၊ ကျန်းမာရေးအခြေအနေ ဆိုးဝါးသော သုံ့ပန်းများထဲမှ ဆေးဝါးကုသရန် အရေးတကြီး လိုအပ်သောနေသောသူများကို လူသားချင်း စာနာထောက်ထားမှု အရသော်လည်းကောင်း၊
(၂) သုံ့ပန်းများကိုထိန်းသိမ်းထားသောနေရာပတ်ဝန်းကျင်၌ကိုရိုနာကူးစက်ရောဂါ ကူးစက်မှု ဖြစ်ပွားလာပါက ရောဂါပြင်းထန်သောသုံ့ပန်းများအား ဆေးဝါးကုသရန် ခက်ခဲနေမည်ကို စိုးရိမ်မိသောကြောင့်လည်းကောင်း၊
(၃) မတရားဖမ်းဆီးခံထားရသောရခိုင်ဒေသအတွင်းနေ ပြည်သူ လူထုများအားလုံး နှင့် မြန်မာအစိုးရ အကျဉ်းထောင်များထဲရှိ မိမိတို့ ULA/AA တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေးကို လိုလားသောကြောင့်လည်းကောင်း ယခုကဲ့သို့လွှတ်ပေးရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
https://www.facebook.com/narinjara.info/posts/4883052805040091