By Western News/ 2021 November 30

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးအနောက်မြောက်ဖက်ရှိ မြန်မာရေပိုင်နက်တွင် မွတ်ဆလင် ၂၂၈ ဦးကို တင်ဆောင်လာသည့် သစ်သားဖြင့်ပြုလုပ်ထားသည့် လှေတစ်စီးအား မြန်မာရေတပ်က ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက နိုဝင်ဘာ ၂၉ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်း ၈ နာရီ ဝန်းကျင်လောက်က မွတ်ဆလင် ၂၂၈ ဦးကို တင်ဆောင်လာသည့် လှေတစ်စီးအား မြန်မာလူမျိုးတရားခံ အမျိုးသား ၅ ဦးနှင့် အတူဖမ်းဆီးရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံကထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်များအရ ဝဒီထွန်း(၅)အမည်ရှိ မှောင်ခိုလှေ ၁ စီးနှင့်အတူ မြန်မာလူမျိုးတရားခံ ကျား ၅ ဦး၊ မွတ်ဆလင် ကျား ၇၀ ဦး၊ မ ၁၂၅ ဦး၊ ကလေး ကျား ၁၉ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ၂၂၈ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း အဆိုပါဖမ်းဆီးရမိခဲ့သည့် မွတ်ဆလင်များသည် မည့်သည့်နေရာမှာဖြစ်သည့်ဆိုသည်ကို ထုတ်ပြန်ခဲ့မရှိသလို ဖမ်းဆီးရမိခဲ့သည့် မြန်မာလူမျိုးတရားခံအမျိုးသား ၅ ဦးနှင့် မွတ်ဆလင်များကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ မြို့နယ်များတွင်နေထိုင်ကြသည့် မွတ်ဆလင်လူမျိုးများအား တရားဝင်ခွင့်ပြုချက်ယူပြီးမှသာ မြို့နယ်၊ ပြည်နယ်၊ တိုင်းကျော်လွန်၍ ခရီးသွားလာခွင့်ပြုမည်ဟု နိုဝင်ဘာ ၂၅ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်သည့်အမိန့်မှာ နိုဝင်ဘာ ၂၅ ရက်နေ့မှစ၍ ၂ လပြည့်သည့်နေ့အထိအတည်ဖြစ်ပြီး အမိန့်ကိုလိုက်နာမှုမရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ တို့အရအရေးယူဆောင်ရွက်မည်ဟု ဖော်ပြသည်။
https://www.facebook.com/westernnewsagency/posts/419177859888724