မြန်မာနိုင်ငံသို့ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁ သန်းထပ်မံရောက်ရှိ

By Western News/ 2021 November 21

တရုတ်နိုင်ငံမှလှူဒါန်းသည့် Sinovac ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁ သန်း နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းချိန်ခန့်က ရောက်ရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Sinovac ကာကွယ်ဆေးကို တရုတ်မှ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်က ဆေးအလုံးရေ ၃ သန်း လှူဒါန်းထားခြင်းဖြစ်ပြီး ပထမအသုတ်အနေဖြင့် ဆေးအလုံးရေ ၁ သန်းရောက်ရှိခဲ့ပြီးဖြစ်ကာ ယခု ဒုတိယအသုတ်အနေဖြင့် ဆေး ၁ သန်းထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

ယခုရောက်ရှိသည့် ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၂ အောက်ကျောင်းသား/သူများနှင့်သတ်မှတ်အုပ်စုများကို ထိုးနှံပေးသွားမည် ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပြီးသူမှာ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ဦးရေ ၁၅.၂ သန်းထိရှိပြီးဖြစ်ပြီး ထိုအထဲမှ ကာကာကွယ် ၂ ကြိမ်ထိုးနှံပြီးသူဦးရေမှာ ၁၀.၃ သန်းဖြစ်သည်ဟု MOHS စာရင်းအရသိရသည်။

လက်ရှိတစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ဖြစ်ပွားမှုနှုန်းမှာ အပတ်စဉ်ဓာတ်ခွဲစစ်ဆေးမှုများအရ ၅ ရာခိုင်နှုန်းအောက်သို့ကျဆင်းလာနေပြီဟုလည်း ဖော်ပြထားသည်။

ထိုသို့ကျဆင်းမှုရှိသည်ဆိုသော်လည်း တစ်ရက်အတွင် ကိုဗစ်ပိုးတွေ့ရှိသူဦးရေမှာ ၆၀၀ ကျော်ခန့်ရှိနေသေးပြီး နိုဝင်ဘာ၂၀ ရက် အထိ ကိူဗစ်အတည်ပြုလူနာ ၄၉၀၀၁၅ ဦးရှိပြီဖြစ်ကာ စုစုပေါင်းသေဆုံးသူ ဦးရေ ၁၉၀၁၁ ဦးထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၏ အချက်လက်များအရသိရသည်။

https://www.facebook.com/westernnewsagency/posts/413772627095914

Leave a Reply

Your email address will not be published.