By Irrawaddy/ 2021 November 1

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇီးပင်ချောင်း ကျေး ရွာအနီးတွင် စစ်ကောင်စီလက်အောက်ခံစစ်ကြောင်းနှင့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့ကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် မွန်းလွဲပိုင်းက တဖက်နိုင်ငံမှ စိမ့်ဝင်နေသည့် မွတ်ဆလင် လက်နက်ကိုင် တချို့သည် ဇီးပင်ချောင်းကျေးရွာအနီး တောင်တန်းတွင် တဲထိုးနေထိုင်စဉ် စစ်ကောင်စီတပ်နှင့် ထိတွေ့ကာ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
ယင်းဖြစ်စဉ် အနီးဝန်းကျင်မှ ဒေသခံရွာသားတဦးက “မနေ့က အဲဒီဘက်က သေနတ်သံတွေတော့ ကြားရတယ်။ ကျနော်တို့ သိရသလောက်က ဘင်္ဂလားဘက်က ဝင်လာတဲ့ မွတ်ဆလင် လက်ကိုင်အဖွဲ့နဲ့ စစ်တပ် လှုပ်ရှား စစ်ကြောင်းနဲ့ ပစ်ခတ်မှုဖြစ်တာလို့ ပြောတယ်။ ရဲက ပြောတာကတော့ မွတ်လင်ဘက်က ၅ ဦး သေပြီးတော့ လက်နက် ၁ လက်ရတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် မကြာသေးမီက စခန်းတာဝန်ခံတဦး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး တဖက်နိုင်ငံတွင် ခြေကုပ်ယူနေထိုင်သည့် မွတ်ဆလင် လက်နက်ကိုင်အချင်းချင်းကြား ပဋိ ပက္ခများ ပြင်းထန်နေသည့်အတွက် နှစ်နိုင်ငံနယ်စပ်တွင် မွတ်ဆလင် နက်ကိုင်အဖွဲ့တို့ ခြေရှုပ်နေကြောင်းလည်း သိရသည်။
ထိုသို့ ဖြစ်ပွားခဲ့သည့်အတွက် လက်ရှိအချိန်တွင် အနီးဝန်းကျင်ရှိ ဒေသခံ ရခိုင်တိုင်းရင်းသား ကျေးရွာသားများနှင့် မွတ်ဆလင်ကျေးရွာသားများမှာ စိုးရိမ်မှုများ ရှိနေသလို စစ်ကောင်စီတပ်ဖွဲ့မှာလည်း အင်အား တိုးမြှင့်ချထားကြောင်းလည်း သိရသည်။
https://www.facebook.com/theirrawaddyburmese/posts/5024407130936732