ပေါက်တော မွတ်ဆလင် IDP စခန်းတွင် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေ

By Western News/ 2021 November 28

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငှက်ချောင်းမွတ်ဆလင် IDP စခန်းတွင် အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အထိကို နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းကစ၍ ကိုဗစ် ကာကွယ်ဆေး ထိုးပေးနေသည်။

အဆိုပါ ကိုဗစ်ကာကွယ်ထိုးခြင်းကို IDP အမှတ် ၁ စခန်းနှင့် အမှတ် ၂ စခန်း နှစ်ခုစလုံးတွင် မြို့နယ် ကျန်းမာရေး ဌာနက လာရောက် ကာကွယ်ဆေးထိုးပေးနေခြင်းဖြစ်သည်။

ယနေ့ အမှတ် ၁ စခန်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးရန် လူဦးရေ ၁၁၈၆ ဦးကိုလျာထားခြင်းဖြစ်ပြီး လက်ရှိတွင် ၄င်းစခန်း၏ မူလတန်းကျောင်းတွင် ဆေးထိုးပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာကလည်း အဆိုပါ အမှတ် ၁ စခန်းနှင့် အမှတ် ၂ စခန်းနှစ်ခုလုံးတွင် အသက် ၄၅ နှစ် အထက်များကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးထားပြီးဖြစ်သည်ဟုသိရသည်။

ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်ဆလင် IDP စခန်း အမှတ် ၁ နှင့် အမှတ် ၂ တွင် အိမ်ထောင်စု ၂၀၀၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၁၀၀၀၀ နီးပါးရှိကြောင်းသိရသည်။

၄င်းတို့သည် ၂၀၁၂ ခုနှစ်ကတည်းက နိုင်ငံရေးပဋိပက္ခကြောင့်ထွက်ပြေးလာ ကြသူများဖြစ်ပြီး အများစုမှာ ပေါက်တောမြို့နယ်မှဖြစ်ပြီး မြေပုံမြို့နယ်မှလည်း အနည်းငယ်ရှိသည်ဟု သိရသည်။

https://www.facebook.com/westernnewsagency/posts/418149459991564

Leave a Reply

Your email address will not be published.