ပလက်ဝမြို့ အထက်တန်းကျောင်း တကျောင်းတွင် ဗုံးတွေ့

By Irrawaddy/ November 5

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က ၁) ဝင်းအတွင်း ယနေ့ (နိုဝင်ဘာ ၅ ရက်) မွန်းလွဲပိုင်းက ဗုံး ၁ လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အ.ထ.က (၁) ကျောင်းဝင်း၏ သဇင်ခန်းမရှေ့သစ်ပင်အောက်တွင် ဗုံးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပလက်ဝမြို့ပေါ်မှ ကျောင်းဆရာတဦးက ဧရာဝတီကို ပြောသည်။

၎င်းက “ဒီနေ့ နေ့လယ်ပိုင်း ကျောင်းဆင်းချိန်မှာ သဇင်ခန်းမ အနီးက သစ်ပင်အောက်မှာ ဝန်ထမ်းတယောက်က တွေ့တာ။ ပေါက်ကွဲမှုတွေ ဘာတွေတော့ ဖြစ်တာ မရှိဘူး။ လုံခြုံရေးအဖွဲ့ကတော့ ချိန်ကိုက်ဗုံး ပုံစံမျိုးလို့တော့ ပြောတယ်” ဟု ဆိုသည်။

နိုဝင်ဘာ ၁ ရက်တွင် စစ်ကောင်စီက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ အဆိုပါကျောင်းလည်း ပါဝင်ပြီး ကျောင်းဖွင့်သည့် ၅ ရက်မြောက်နေ့တွင် ထိုသို့ ဗုံးတွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ စာသင်ကျောင်းထဲတွင် ဗုံးတွေ့ရှိသည့်အတွက် ကျောင်းသားမိဘများ အနေဖြင့် စိုးရိမ်မှုများ မြင့်တက်နေသလို မြို့ခံများသည်လည်း မတရား စွပ်စွဲဖမ်းဆီးခံရမှုများ ရှိလာမည်ကို စိုးရိမ်နေကြကြောင်း ပလက်ဝမြို့ခံများက ပြောသည်။

https://www.facebook.com/theirrawaddyburmese/posts/5037320962978682

Leave a Reply

Your email address will not be published.