တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေး နိုင်ငံတော်အဆင့်ထိ တင်ပြတောင်းဆိုထားသော်လည်း ၁ လ ကြာသည်ထိထူးခြားမှု မရှိ

By Western News/ 2021 November 30

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က မီးရှို့ခံခဲ့ရသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရန်အတွက် နိုင်ငံတော်အဆင့်ထိတင်ပြတောင်းဆိုထားမှု ၁ လကြာသည်ထိထူးခြားမှုမရှိသေးဟု ကျေးရွားသားများက ပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့က နိုင်ငံတော်အဆင့်တာဝန်ရှိသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တင်းမကျေးရွာသားများက နေရပ်ပြန်၍ နေအိမ်များချုံနွယ်များကို ရှင်းခွင့်ရရန်အတွက် စာတင်ပြတောင်းဆိုထားသော်လည်း တစ်စုံတစ်ရာအကြောင်းမပြန်သေးဟု တင်းမဆရာတော်က Western News ကိုမိန့်သည်။

“နိုင်ငံတော်အဆင့်ထိ စာတင်ပြတောင်းဆိုထားတာလည်း မနက်ဖြန်ဆို ၁ လပြည့်ပြီ။ နိုင်ငံတော်ဖက်က တစ်ခုခု ဆက်သွယ်လာတာမျိုးတော့မရှိသေးဘူး။ မီဒီယာတွေမှာဖော်ပြတာကတော့ လုံခြုံမှု အာမခံချက် မရှိလို့ မပြန်ခိုင်းတဲ့သဘောကိုတော့ တွေ့ရပါတယ်။ ဒါပေမယ့် ခုထိတော့ နိုင်ငံတော်ဖက်က တုံ့ပြန်မှု မရှိသေးဘူး”ဟုပြောသည်။

ယင်းပြင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့၊ မေလ ၁၀ ရက်နှင့် စက်တင် ဘာလ ၂ ရက်တို့တွင် (၃) ကြိမ်တိုင်တိုင် ပြည်နယ်ကောင်စစ်ကောင်စီနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပါအဝင် သက်ဆိုင်ရာဌာနများကိုလည်း စာတင်ပြတောင်းဆိုခဲ့သည်။

တင်းမကျေးရွာအနီးတောင်တန်းများတွင် စစ်တပ်တစ်ခုတည်းသာမက AA ဖက်မှလည်း တပ်စွဲထားမှုရှိသဖြင့် နေရပ်ပြန်နိုင်ဖို့အတွက် စစ်တပ်နှင့် AAတို့ နှစ်ဖက်စလုံးကညှိနှိုင်းမှုလုပ်ရန် လိုအပ်ကြောင်းလည်း ဆရာတော်ကြီးက ဆက်လက်မိန့်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ကလည်း နယ်စပ်ဝန်ကြီးနှင့် တင်းမဆရာတော်ကြီးကိုယ်တိုင် သွားရောက် တွေ့ဆုံ၍ အောက်တိုဘာ ၂၂ ရက်နေ့တွင် နေရပ်ပြန်နိုင်ရန်ကြိုးစားပေးမည်ဟုလည်း နယ်လုံဝန်ကြီးဖက် ကပြောဆိုမှုရှိခဲ့သည်။

စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသည်မှာ အဆင်မပြေမှုများစွာရှိနေသောကြောင့် နေရပ်ကို ပြန်ရမည်ဆိုပါကချက်ချင်းပြန်ချင်သည်ဟု တင်းမကြီးကျေးရွာမှ ဦးဦး ထွန်းသိန်းကပြောသည်။

“ဆရာတော်နဲ့ ရွာသားတွေရဲ့ဆန္ဒ့ကသက်ဆိုင်ရာတွေကိုလည်း တော်တော်များများ စာတင်ထားပါပြီ။ ထူးခြားမှု က လုံးဝမရှိတော့ ရွာသားတွေအကုန်စိတ်ဓါတ်ကျကြတယ်။ တဖက်မှာလည်း စစ်ဘေးရှောင် စခန်းမှာနေထိုင် စားသောက်ရေးတွေက တစ်လထက်တစ်လ ပိုဆိုးလာပါတယ်။ ရွာကိုသာပြန်လို့ရမယ်ဆိုရင် ခုချက်ချင်းပဲပြန်ချင်ပါတယ်” ဟုပြောသည်။

၁ နှစ်နီးပါးကာကျေးရွာရွာင စွန့်ခွာလာ၍ အဆိုပါကျေးရွာအတွင်း နေအိမ်များမှာ လူနေထိုင်မှုမရှိသဖြင့် ပိုမိုပျက်စီးမည်ကိုစိုးရိမ်နေကြသလို တစ်ချို့ အိမ်အတွင်းပစ္စည်းများ ပျောက်ဆုံး ပျက်စီးမှု အမြောက်အများရှိနေသည်ဟု ကျေးရွားသားများကပြောဆိုသည်။ ကျေးရွာအနီးတွင်လည်း မြန်မာ့စစ်တပ်က တပ်စွဲနေရာယူထားသည်။

တင်းမကျေးရွာအနီးတွင် မြန်မာ့စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ၂၀၂၀ခုနှစ် မတ်လအတွင်း တိုက်ပွဲများပြင်း ထန် ဖြစ်ပွားမှုကြောင့် ကျေးရွာသားများမှာ နီးစပ်ရာသိုခိုလှုံထွက်ပြေးနေကြစဉ် နေအိမ် နေအိမ် ၅၈၅ လုံးအနက် ၁၃၂ လုံးမီးရှုံ့ခံခဲ့ရပြီး နေအိမ် ၉၃ မှာလည်း အနည်းငယ်ပျက်စီးခဲ့သည်။

တိုက်ပွဲများဖြစ်ပွားချိန်မှစ ၍ တင်းမရွာအနီး တောင်ချေတောင်ပေါ်တင် မြန်မာ့စစ်တပ်ဖက်က လက်ရှိအချိန်ထိ နေရာယူထားဆဲဖြစ်သည်။ တင်းမကျေးရွာသားများမှာလည်း လက်ရှိအချိန်ထိ ကျောက်တော်မြို့နယ်ရှိ စစ်ဘေး ရှောင်စခန်းများတွင် ခုံလှုံနေကြရဆဲဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/419269409879569

Leave a Reply

Your email address will not be published.