စစ်သုံ့ပန်း ၁၅ ဦးကို AA ပြန်လွှတ်ပေး

By RFA/ 2021 November 15

■ ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးကာလအတွင်း AA က ဖမ်းဆီးထားတဲ့ မြန်မာစစ်သားနဲ့ရဲတွေထဲက ဆေးမှူး ဗိုလ်ကြီးရဲလင်းစိုး အပါအဝင် ၁၅ယောက်ကို ဒီနေ့ည ၇နာရီခွဲလောက်က ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာပြန်လွှတ်ပေးခဲ့တယ်လို့ AA က ကြေညာပါတယ်။

စစ်ကောင်စီ တပ်သားအချို့ကို ရက္ခိုင့်တပ်တော် (AA) က အသုတ်လိုက် ပြန်လွှတ်ပေးဖို့ရှိတယ်လို့ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက စစ်တွေမြို့မှာ သတင်းထောက်တွေကို ဒီနေ့ပြောခဲ့ပြီး နာရီပိုင်းအကြာမှာပဲ AA ဘက်က လွှတ်ပေးခဲ့တာပါ။

ကျန်းမာရေးအခြေအနေဆိုးနေတဲ့သူတွေထဲက ဆေးကုသဖို့ အရေးတကြီးလိုနေသူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ရော မြန်မာစစ်တပ်က ဖမ်းထားတဲ့ AA အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရေးကို လိုလားတဲ့အနေနဲ့ရော အခုလိုပြန်လွှတ်ပေးခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA)က သူ့ရဲ့ အင်တာနက် စာမျက်နှာက တဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုပြန်လွှတ်ပေးတဲ့သူတွေကို မြန်မာစစ်တပ်က ဗိုလ်မှုးဇေခိုင်ဟိန်းကို လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။

https://www.facebook.com/rfaburmese/posts/10161482366493128

Leave a Reply

Your email address will not be published.