စစ်တွေ မင်းဂံရပ်ကွက်တွင် မွေးကင်းစကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်မှုဖြစ်ပွား

By Narinjara/ 2021 November 5

နှင်းနွယ်နီ

Photo – Sann Chay

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် မွေးကင်းကလေးငယ်တစ်ဦးကို ယနေ့ နံနက်က လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကလေးငယ်ကို မင်းဂံ အကွက် ၄ နှင့် ၅ ၊ (င) နောက်တန်းရှိ ချုံပုတ်အနီးမှမြက်ခင်းတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၅ ရက်၊ နံနက် ၉ နာရီခွဲခန့်က အနီးအနားတွင် ကစားနေသည့် ကလေးငယ်တစ်စုက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ကျန်းကျန်းမာမာရှိကြောင်းနှင့် လက်ရှိတွင် စစ်တွေဆေးရုံကြီးသို့ုပို့ဆောင်ထားကြောင်း မင်းဂံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

“ကျနော်တို့ အခု OPT ခန်းကိုရောက်နေပါတယ်။ ကလေးကိုတွေ့တဲ့ပတ်ဝန်းကျင်က မိန်းကလေးတစ်ယောက်ကတော့ မွေးစားဖို့ ကလေးကိုတောင်းထားတယ်” ဟုပြောသည်။

အဆိုပါကလေးကို မွေးစားရန် ပေး၊ မပေးကိစ္စ ကျန်းမာရေးဌာနနှင့်ညှိနှိုင်းပြီးမှ ဆွေးနွေးရဦးမည်ဟု ဆက်ပြောသည်။

https://www.facebook.com/narinjara.info/posts/4849121061766599

Leave a Reply

Your email address will not be published.