စစ်တွေတွင် ​စစ်တပ်ထောက်ခံပွဲကို အင်အားထောင်ချီဖြင့်ပြုလုပ် (ဓာတ်ပုံသတင်း)

By Development Media Group (DMG)/ 2021 November 1

ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေမြို့တွင် စစ်တပ် ထောက်ခံပွဲတစ်ခုကို လူအင်အားတစ်ထောင်ခန့်ဖြင့် ယနေ့(နိုဝင်ဘာ ၁ ရက်)နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

အဆိုပါထောက်ခံသူများသည် စစ်တွေမြို့ လေယာဥ်ကွင်းဆင်းလမ်းမှ ဝေသာလီဘောလုံးကွင်းအထိ ချီတက်ကာ တပ်မတော်အား အပြည့်အဝထောက်ခံပါသည်ဆိုသော အချက်အပါအဝင် ကြွေးကြော်သံ ၁၄ ချက်ဖြင့် ဆန္ဒထုတ်ဖော်ကြွေးကြော်ခဲ့ကြသည်။

စစ်တပ် ထောက်ခံပွဲတွင်ပါဝင်ခဲ့သူများကို စစ်မှုထမ်းဟောင်းများအဖွဲ့မှ ကြက်ဥထုပ်များပေးဝေ နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

https://www.facebook.com/dmgnewsagency/posts/2146398795512520

Leave a Reply

Your email address will not be published.