စစ်တွေတွင် လေယာဉ်စီးမည့်ခရီးသည်များအား ကိုဗစ်စစ်ဆေးရာ ၇ ဦးပိုးထပ်မံတွေ့ရှိ

By Western News/ 2021 November 30

ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် လေယာဉ်စီးမည့် ခရီးသည်များအား ကိုဗစ်စစ်ဆေးမှုသတ်မှတ်နေရာဖြစ်သည့် စစ်​တွေတက္ကသိုလ်ကျောင်းဟောင်းအတွင်း စစ်ဆေးမှုပြုလုပ်ခဲ့ရာ ပိုးတွေ့သူ ၇ ဦးရှိသည်ဟု ရခိုင်ပြည် ကိုဗစ် ၁၉ စောင့်ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စစ်ဆေးထုတ်ပြန်ချက်များအရ နိုဝင်ဘာလ နောက်ဆုံးပတ်ထဲတွင် စစ်တွေမြို့နယ်မှာ ကိုဗစ်ပိုးတွေ့ဦးရေအများဆုံးဖြစ်နေကြောင်း တွေ့ရှိရသည်။

နိုဝင်ဘာ ၂၀ ရက်နေ့တွင်လည်း စစ်တွေတစ်မြို့တည်းမှ ပိုးတွေ့ဦးရေ ၁၃ ဦးအထိရှိခဲ့ပြီး ကျန်ရက်များတွင် ၁ ဦး၊ ၂ ဦးနှုန်းဖြင့်တွေ့ရှိခဲ့ကာ နိုဝင်ဘာ ၃၀ ရက်နေ့တွင် စစ်တွေမှ ၁၁ ဦးခန့်ထပ်မံတွေ့ရှိခဲ့သည်။

တပြည်နယ်လုံးအတိုင်းအတာအရ နိုဝင်ဘာ ၂၄ မှ ၂၇ ရက်အထိ ကိုဗစ်ပိုးတွေ့ဦးရေ မရှိခဲ့သော်လည်း ၃၀ ရက်နေ့တွင် စစ်တွေမှ ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်းတွင် ပြည်နယ်အနှံ့ရှိ မြို့နယ်တိုင်းနီးပါးတွင်း ပိုးတွေ့ဦးရေများဆက်လက်ရှိနေသေးပြီး ကိုဗစ်တတိယလှိုင်းအတွင်း နိုဝင်ဘာ ၃၀ ရက်နေ့အထိ ပိုးတွေ့ဦးရေ ၅၁၆၁ ဦး၊ သေဆုံးသူစုစုပေါင်း ၄၉၈ ဦးတိုးရှိပြီး ဆေးရုံးတက်ဆဲလူနာ ၂၀ ခန့်ရှိသည် ဟု ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အချက်လက်များအရသိရသည်။

https://www.facebook.com/westernnewsagency/posts/419888296484347

Leave a Reply

Your email address will not be published.