By Western News/ 2021 November 19
ရက္ခိုင်တပ်တော်မှ ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း အထိမ်းအမှတ်အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကိုးရီးယာဆိုက်ကမ်းခေါ် (BXT) တွင် ယနေ့ ညနေ ၅ နာရီခွဲကျော်ခန့်က ပြုလုပ်ခဲ့ကြသည်။
ထိုအခမ်းအနားကို လူဦးရေ ၅၀ ကျော် တက်ရောက်ခဲ့ကြပြီး ရက္ခိုင်တပ်တော်မှ ကျရှုံးခဲ့သည့် ဗိုလ်လောင်း ၈ ဦးတို့၏ ပုံပါ လိုဂိုတံဆိပ်တပ် အင်္ကျီဆင်တူများ ဝတ်ဆင်ခဲ့ကြသည်ကို တွေ့ရသည်။
အခမ်းအနားကို နိုင်ငံတော်အလံကို အလေးပြုခြင်း၊ တိုက်ပွဲဝင်ရင်း ကျရှုံးရဲဘော်များအား အလေးပြုခြင်းနှင့် ရက္ခိုင်တပ်တော်မှ ထုတ်လုပ်ထားသော အောင်လံတော်အား အလေးပြုသည့် တေးခြင်းကို သံပြိုင်တူဆိုခဲ့ကြသည်။
ကျဆုံးခဲ့သည့် ဗိုလ်လောင်း ၂၃ ဦးထဲတွင် တအောင်းတပ်မတော် TNLA မှ ၁၁ ဦး၊ ရက္ခိုင့်တပ်တော် AA မှ ၈ ဦး၊ ကျောင်းသားတပ်မတော် ABDSF မှ ၂ ဦးနှင့် ချင်းအမျိုးသားတပ်ဦး CNF မှ ၂ ဦးတို့ဖြစ်သည်။
ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်နယ်မြေ လိုင်ဇာတွင်ဖွင့်လှစ်ထားသည့် ဗိုလ်လောင်းသင်တန်းကျောင်းကို စစ်တပ်က ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/412529387220238