ငပလီကမ်းခြေ ဆောင်းဦးပွဲတော် စတင်ကျင်းပ

By Narinjara/ 2021 November 14

ထက်အောင်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ခရီးသွားများကို ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် ငပလီဆောင်းဦးပွဲတော်ကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်ဟု သိရသည်။

ဆောင်းဦးပွဲတော်ကို ယနေ့ နံနက်ပိုင်း ၆ နာရီလောက်က အခမ်းအနားနှင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ကောင်စီ ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့ဖွင်ပွဲတွင် သဲပုံပွဲတော်နှင့် စျေးရောင်းပွဲတော်ကို စတင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သံတွဲဒေသခံ ကိုဇွဲထက်မာန်က ပြောကြားသည်။

ငပလီကမ်းခြေဆောင်းဦးပွဲတော်ကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ (၅) ရက်တိုင်တိုင် ကျင်းပ သွားမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများအဖြစ် ရခိုင်ရိုးရာကျင်၊ ဘော်လီဘော၊ စက်ဘီးစီးပြိုင်ခြင်း၊ အပြေးပြိုင်ခြင်း၊ ချောတိုင်တက်ခြင်း၊ လွန်ဆွဲပွဲနှင့် သဲပုံစေတီပွဲတော်တို့ ပါဝင်ကြောင်း သိရသည်။

ငပလီကမ်းခြေတွင် ဆောင်ဦးပွဲတော်ကို ကျင်းပခြင်းသည် ပြည်တွင်း၊ ပြည်ပ ခရီသွားများကို ဆွဲဆောင်ရန် ရည်ရွယ်ကြောင်းလည်းသိရသည်။

https://www.facebook.com/narinjara.info/posts/4879248818753823

Leave a Reply

Your email address will not be published.