By RFA/ 2021 November 2
ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်အဆောက်အဦးတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီကပစ်ခတ်တိုက်ခိုက်လို့ မီးလောင်ပျက်စီးရတဲ့အတွက် ညီနောင်ချင်းလူမျိုးတွေနဲ့အတူ ထပ်တူကြေကွဲဝမ်းနည်းရကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က မနေ့က နိုဝင်ဘာလ ၁ ရက် နေ့စွဲနဲ့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အလားတူ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA၊ တအောင်း လွတ်မြောက်ရေးတပ်မတော် PSLF နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ကလဲ မြန်မာ့တပ်မတော်ဟာ ထန်တလန်ကလုပ်ရပ်မျိုးကိုအရင်နှစ်ကာလတွေကလဲအကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့အကြောင်း၊ အခုလုပ် ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချတဲ့အကြောင်းနဲ့ အဖိနှိပ်ခံများအားလုံး တသွေးတသားတည်းရှိကြောင်း မနေ့ကထုတ်ပြန်ပါတယ်။
ဒီအတောအတွင်းမှာပဲ ပြည်ပနိုင်ငံအသီးသီးမှာရှိနေတဲ့ ရိုဟင်ဂျာ ၂၉ ဖွဲ့ကလဲ မြန်မာစစ်တပ်က အခုလိုအကြမ်းဖက်နေတာကိုအရေးယူပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတောင်းဆိုတဲ့ ပူးတွဲကြေညာချက်ကို မနေ့ကထုတ်ပြန်လိုက်ပါတယ်။