ကိုဗစ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသေဆုံးမှုတွင် မိသားစုဝင် ၄ ဦးကိုဗစ် တွေ့၍ ဆေးကုသမှုခံယူနေရ

By Western News/ 2021 October 3

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က ကိုယ်ဝန်ဆောင်မိခင် တစ်ဦးကိုဗစ်ဖြင့် သေဆုံးပြီးနောက် ၎င်းနှင့် ဆက်စပ်၍ ကိုဗစ်ကူးစက်ခံရသည့် မိသားစုဝင် ၄ ဦးမှာလက်ရှိ ဘူးသီးတောင်ဆေးရုံတွင် ဆေး ကုသမှုခံယူနေရသည်ဟု မြို့နယ်ဆရာဝန်ကြီးကပြောသည်။

ကိုဗစ်ဖြင့် သေဆုံးသွားသည့် အမျိုးသမီးငယ်မှာ အသက် ၂၈ နှစ်အရွယ်ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ၊ အလယ်ချောင်းကျေး ရွာမှဖြစ်ကြောင်းလည်းသိရှိရသည်။

ဘူးသီးတောင်မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းသိန်းက” ကိုယ်ဝန်ဆောင်မိခင်က ၃၁ ရက်နေ့ကတည်းက ဆုံးသွားတာပါ။ ကျွန်တော်တို့ဆီမှာ နေမကောင်းလို့ လာပြတော့သံသယရှိလို့ စစ်တာမှာ ကိုဗစ်တွေ့တာပေါ့။ သူ့ အပြင် တစ်ခြားမိသားစုဝင် ၆ ဦးထဲက ၄ ဦးလည်းကိုဗစ်ပို့တွေ့လို့ ခုဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်”ဟု ပြောသည်။

လက်ရှိ ဘူးသီးတောင်ဆေးရုံတွင် ကိုဗစ် လူနာမှာ အထက်ပါ မိသားစုဝင် ၄ ဦးသာရှိပြီး ၎င်းတို့အားလုံးကျန်းမာ ရေးကောင်းမွန်ကြကြောင်းလည်းဆရာဝန်ကြီးကပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ် တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့ထိ ကိုဗစ်ပိုး တွေ့သူ ၉၀၄၁ ဦးရှိပြီး ယင်းထဲမှ သေဆုံးသူ ၄၈၆ ဦး နှင့်လက်ရှိ ကုသနေဆဲ ၁၃ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကျန်း မာရေးဦးစီးဌာနမှ ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

https://www.facebook.com/westernnewsagency/posts/402303564909487

Leave a Reply

Your email address will not be published.