By Narinjara/ 2021 November 30
ဇော်ဝင်းအောင်၊ သဉ္ဇာနွယ်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် နှာခေါင်းစည်း(Mask)၊ လက်သန့်ဆေးရည်နှင့် ကွန်ဒုံးများကို အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ(HIV/AIDS)တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် ခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ကဦးဆောင်ကာ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတို့မှအဖွဲ့ဝင်များက ယနေ့နံနက် ၁ဝ နာရီခန့်တွင် စစ်တွေပြည်သူ့ဆေးရုံကြီးဝင်ဝ၌ အခမဲ့ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။
ယခုနှစ် (HIV/AIDS)ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “အားလုံးပါဝင်ဆောင်ရွက်လို့ အေအိုင်ဒီအက်စ်ကပ်ရောဂါ အဆုံးသတ်စို့” ဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4934725936539444