By Western News/ 2021 November 30

ဘာသာပြန်ဆောင်းပါး
Western News-နိုဝင်ဘာ ၃၀ ရက်
အာဖရိကတိုက်မှာစတင် တွေ့ရှိထားတဲ့ ကိုဗစ်မျိုးစိပ်အသွင်ပြောင်း အိုမီခရွင် ဗိုင်းရပ်စ်ပိုးတွေဟာ ကမ္ဘာတစ်ဝန်း သို့ကူးစက်ပျံ့နှံ့လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ The World Health Organization (WHO) က တနင်္လာနေ့က သတိပေးထုတ်ပြန် လိုက်ပါတယ်။ အသွင်ပြောင်း ဗိုင်းရပ်စ် မျိုးကွဲအသစ်ကူးစက်နှုန်းမြင့်မားလာတာကြောင့် နိုင်ငံဒေသအချို့မှာ ပြင်းထန်ခက်ခဲတဲ့ နောက်ဆက်တွဲတွေပိုများပြားလာဖွယ်ရှိတယ်လို့ (WHO)ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
WHO အဖွဲ့အကြီးအကဲဖြစ်သူ ဒေါက်တာ Tedros Adhanom Ghebreyesus က ဆင်းရဲနိမ့်ပါးတဲ့နိုင်ငံတွေအနေဖြင့် ကိုရိုနာကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနိုင်အောင် တစ်ကမ္ဘာလုံးတွန်းအားပေးဖို့ လိုတယ်လို့ အသစ်တဖန်တောင်းဆိုလိုက်ပါတယ်။
“ကိုဗစ်-၁၉ ရောဂါဟာ ပြီးဆုံးသွားတာမျိုးမဟုတ်သေးပါဘူး။ ကျွန်တော်တို့ကို ခြိမ်းခြောက်နေဆဲပါ” လို့ ထပ်မံသတိပေးလိုက်ခြင်းဖြစ်ပါတယ်။
အသွင်းပြောင်း ဗိုင်းရပ်စ် မျိုးကွဲအသစ်တစ်မျိုးအား ယခုလအစောပိုင်းက တောင်အာဖရိကနိုင်ငံတွင် ကနဦးစမ်းသပ်တွေ့ရှိခဲ့ပြီး ကူးစက်နှုန်းပြင်းထန်စေသည့် လက္ခဏာများကိုတွေ့ရှိခဲ့ရကြောင်း ပညာရှင်များကဆိုသည်။ အဆိုပါဗိုင်းရပ်စ်မျိုးကွဲအသစ်ကို တွေ့ရှိခဲ့တဲ့ တောင်အာဖရိကနိုင်ငံအနေဖြင့် မြန်မြန်ဆန်ဆန်သတင်းဖော်ထုတ်ပေးခဲ့လို့ ဂုဏ်ယူဖွယ်ကောင်းကြောင်းဆိုထားပါတယ်။
“အိုမီခရွင် ဗိုင်းရပ်စ်မျိုးကွဲအသစ်မှာ ကူးစက်ရောဂါရဲ့သွားရာ လမ်းကြောင်း ကို သက်ရောက်နိုင်တဲ့ မရေမတွက်နိုင်အောင် များပြားတဲ့ ဆူးတောင်ပံတွေနဲ့ အသွင်ပြောင်းလဲနေတာ ဟာ စိုးရိမ်ဖွယ်ကောင်းတယ်” လို့ WHO အကြီးအကဲ ကဆက်လက်ပြောကြားခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေဟာ ဗီဇအသစ်အသွင်ပြောင်းမျိုးကွဲအနေဖြင့် ပိုမိုမြင့်မားတဲ့ ကူးစက်မှုနဲ့ ဆက်စပ်နေမှုရှိ/မရှိ ရောဂါပြန်လည် ကူးစက်နိုင်တဲ့အန္တရာယ်နဲ့ ကာကွယ်ဆေးတွေကို ဘယ်လိုတုံ့ပြန်နိုင်သလဲဆိုတာတွေကို ရှာဖွေဖို့ ကြိုးပမ်းနေကြတယ်လို့ ဒေါက်တာတက်ဒရိုက တနင်္လာနေ့က ကြေငြာချက်မှာထည့်သွင်း ပြောပြခဲ့ပါတယ်။
“တကယ်တော့ ကျွန်တော်တို့မှာ ကိုဗစ်-၁၉ ရောဂါပြီးဆုံးသွားပြီလို့ထင်နေကြဆဲပါ။ ဒါဟာမပြီးဆုံးသေးဘူးဆိုတဲ့ အကြောင်း အိုမီခရွင် ဗိုင်းရပ်စ်ပိုးအသစ်က အရေးပေါ်အခြေအနေတစ်ရပ်အနေနဲ့ ထပ်မံအသိပေးလိုက်ခြင်းလည်းဖြစ်ပါတယ်” ဟု ဆက်ပြောပါတယ်။
လတ်တလောမှာ အိုမီခရွင်အသွင်ပြောင်းမျိုးကွဲ ရောဂါပိုးကြောင့် လူသေဆုံးသူမရှိသေးဘူးလို့တော့ ဆက်ပြောပါတယ်။
ကနေဒါ ၊ ယူကေ ၊ ပေါ်တူဂီ ၊ ဘယ်လ်ဂျီယံ နှင့် နယ်သာလန် အပါအဝင် နိုင်ငံ အများအပြား မှာတော့ အိုမီခရွင် မျိုးကွဲအသစ်ကူးစက်နှုန်းစတင် ဖြစ်ပွား နေတာကိုတော့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
တောင်အာဖရိက သမ္မတ ဆိုင်းရယ် ရာမာဖိုဆာအနေက တောင်အာဖရိကနိုင်ငံတွေမှ ခရီးသွားတွေကို ပြည်ဝင်ခွင့်တားဆီးပိတ်ပင်ထားတဲ့ ယူကေ၊ အီးယူ နဲ့ အမေရိကန် နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်လိုက်ပါတယ်။ ဂျပန်နိုင်ငံအနေဖြင့် အင်္ဂါ နေ့ ည သန်းခေါင် မှ စတင်ကာ ၎င်း တို့ရဲ့ ပြင်ပက နိုင်ငံခြားသားတွေ ဝင်ရောက်လာမယ့် နယ်စပ်နယ်နိမိတ် ကို ပိတ် ထား မယ်လို့ ကြော်ငြာ ခဲ့ ပြီး အခြားတစ်ဖက်မှာ ဩစတြေးလျ အနေဖြင့် ၎င်းတို့ ကြာမြင့် စွာ စောင့်မျှော် ခဲ့ တဲ့ နယ်စပ် ကန့်သတ်ချက် တွေ ကို ဖြေလျော့ စေမယ့် အစီအစဉ် ကိုလည်း ရပ်တန့် သွားခဲ့ပါပြီ။
ဩစတြေးလျသို့ ခရီးသွား ဝင်ရောက်လာကြမယ့် ပြင်ပ နိုင်ငံတကာ ကျောင်းသား တွေ နဲ့ ကျွမ်းကျင် အလုပ်သမားတွေရဲ့ ပြည်ဝင်ခွင့် ဗီဇာကိစ္စရပ်တွေကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပြန်လည်စတင်မယ်လို့ မူလက ရည်ရွယ်ခဲ့ပေမယ့် ဒီဇင်ဘာဘ ၁၅ ရက်နေ့အထိ စောင့်ဆိုင်းရတော့မှာဖြစ်ကြောင့် ရွှေ့ဆိုင်းလိုက်ပါတယ်။
အစ္စရေးနိုင်ငံကလည်း နိုင်ငံတကာမှ ခရီးသည်ဝင်ရောက်လာမှုတွေကို တားဆီးပိတ်ပင်လိုက်ပါပြီ။
ဗြိတိန်နိုင်ငံမှာ အိုမီကရွင် ကိုဗစ်လှိုင်းအသစ် ဝင်ရောက်မှုကို တားဆီးတဲ့အနေနဲ့ ကိုဗစ် ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတဲ့ အသက် ၁၈ နှစ် နဲ့အထက် အားလုံး ကို တတိယအကြိမ် ကာကွယ်ဆေးတိုးမြှင့်ဆေး ဘူစတာ (Booster Jab) ထိုးနှက်ဖို့ လုပ်ဆောင်နေပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့လည်း သမ္မတဂျိုးဗိုင်ဒန် ကြွေးကြော်ထားတဲ့ “တတိယအကြိမ် ကာကွယ်ဆေးတိုးမြှင့်ဆေး ဘူစတာ (Booster Jab) ထိုးကြစို့ “
အတိုင်း လုပ်ဆောင်နေကြသလို နိုင်ငံသားတွေအနေနဲ့ နှာခေါင်းစွပ် မက်စ်တွေ ဝတ်ဆင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံအနေနဲ့ ခရီးသွားလာပိတ်ပင်မှုတွေနဲ့ တားဆီးကန့်သတ်ချက်တွေချက်တွေကို လက်ရှိမှာ စတင်လုပ်ဆောင်ဖို့ မလိုသေးကြောင်းခန့်မှန်းပြောဆိုခဲ့ပါတယ်။
ကိုရိုနာကိုဗစ် ကူးစက်ရောဂါ စတင် ရာ ၂၀၂၀ ခုနှစ် ကစပြီး ကမ္ဘာတစ်ဝန်းမှာ ရောဂါ ဖြစ်ပွား ကူးစက်သူပေါင်း ၂၆၁.၅ သန်း ကျော် နှင့် သေဆုံး သူပေါင်း ၅.၂ သန်း ကျော် ရှိ ခဲ့ ပြီလို့ ဂျွန်ဟော့ကင်တက္ကသိုလ်ကထုတ်ပြန်တဲ့ အချက်အလက် တွေ အရ သိရပါတယ်။
Western News-WN
မောင်မိုးသက် ဘာသာပြန်သည်
https://www.facebook.com/westernnewsagency/posts/419284943211349