AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့၏ အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၁၀၀ ကျော်ကို အမှုမှလွှတ်မည်

By Western News/ 2021 October 15

ယနေ့ (အောက်တိုဘာ ၁၅) ရက်နေ့တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်အတွင်းတရားရုံး အသီးသီး၌ တရားစွဲဆိုထားဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့ကို အမှုမှလွှတ်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်တော် AAနှင့်ဆက်စပ်၍ တရားရင်ဆိုင်နေရသူ ၆၃ ဦး၊ KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) နှင့်ဆက်စပ်သူ (၂၃)ဦး၊ KNU/KNLA (PC) (ကရင်ငြိမ်းချမ်းရေးကောင်စီ) နှင့်ဆက်စပ်သူ (၁) ဦး၊ MNDAA (မြန်မာအမျိုးသားဒီမိုကရစ်တစ် မဟာမိတ်တပ်မ တော်) နှင့်ဆက်စပ်သူ (၁) ဦးတို့ဖြစ်သည်။

ယင်းအပြင် RCSS/SSA (သျှမ်းပြည် ပြန်လည်ထူထောင်လေးကောင်စီ) နှင့် ဆက်စပ်သူ (၁၂) ဦး၊ SSPP/SSA ရှမ်းပြည်တိုး တက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်) နှင့်ဆက်စပ်သူ ( ၅ ) ဦး၊ TNLA (တအာင်းအမျိုးသား လွတ်မြောက်လွတ် ရေးတပ်မတော်) နှင့်ဆက်စပ်သူ (၁၁) ဦးတို့လည်း ပါဝင်သည်။

ဆက်လက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဝင်များနှင့် ဆက်စပ်ပါဝင်သူများ အပေါ်စွဲဆိုထားသော ပြစ်မှုဆိုင်ရာ အားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ရမည်ဟုလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

https://www.facebook.com/westernnewsagency/posts/390162372790273

Leave a Reply

Your email address will not be published.