၁ နှစ်ကျော်ကြာပိတ်ထားသည့် ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်ဖွင့်ပြီ

By Western News/ 2021 October 28

ယမန် ၂၀၂၀ ခုနှစ် ဩဂုတ်လမှစ၍ ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရ သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။

ပြတိုက်များကို ဝန်ကြီးဌာန၏ညွှန်ကြားချက်အရ ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်ဖွင့်ခြင်းဖြစ်ပြီး ပြတိုက်ကို ပုံမှန်လည်ပတ်ရန်ပြင်ဆင်လျှက်ရှိသည်ဟု ပြတိုက်ညွှန်ကြားရေးမှူး ဦးကြည်ခင် က ပြောသည်။

“ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အရ တစ်နှစ်ကျော်ကြာပိတ်ထားခဲ့ရတဲ့ပြတိုက်တွေကို ဒီနေ့ပြန်ဖွင့်ပါတယ်။ ဒါပေမယ့်ကိုဗစ်ကလည်းရှိနေသေးတော့ ကျနော်တို့ပြတိုက်တွေကို ကိုဗစ်စည်းကမ်းနဲ့အညီပဲ ဖွင့်တာပါ။ လာတဲ့သူတွေက လက်ဆေးရမယ် Mask ပါရမယ်ပေါ့။ ဒီပြတိုက်တွေပုံမှန်အတိုင်းလည်ပတ်နိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်” ဟုပြောသည်။

ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်တို့တွင် ရခိုင့်ဘုရင်များခေတ်အဆက်ဆက်များက နန်းစိုက်ခဲ့သည့်နေရာများ ယခင်က အသုံးပြုခဲ့သည့် အသုံးအဆောင်များနှင့် ရိုးရာဝတ်စုံများ ရှေးဟောင်းဘုရားများတို့ကို ခင်းကျင်းပြသထားရှိသည်။

၄င်းပြတိုက်များသို့ ဝင်ရောက်ကြည့်ရှုခွင့် ဝင်ကြေးမှာ လူကြီးတစ်ဦးလျှင် ၂၀၀ ကျပ်၊ လူငယ် ၁၀၀ ကျပ် နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်သတ်မှတ်ထားပြီး ကျောင်းသားများကို အခမဲ့ကြည်ရှုလေ့လာခွင့်ပြုထားသည်။

https://www.facebook.com/westernnewsagency/posts/398433758629801

Leave a Reply

Your email address will not be published.