ဝန်ဗိုက်ဒီရေတောကြီးကို အနီးအနားဒေသခံများ ထိန်းသိမ်းနေသည့် ၁ လကျော်အတွင်း သစ်ဘုတ်ကြီး ၄၀ ထက်မနည်းဖမ်းဆီးရမိ

By Western News/ 2021 September 30

အာရှဒုတိယအကြီးဆုံး ဝန်ဗိုက်ဒီရေတောကြီးကို အနီးအနားရှိ ကျေးရွာများမှ ဒေသခံများက ထိန်းသိမ်းစောင့် ရှောက်နေသည့် ၁ လ ကျော်အတွင်း တရားမဝင် သစ်ခုတ်သည့် ဘုတ်ကြီး အစီးရေ ၄၀ ကျော်ဖမ်းစီးရမိသည်ဟု ဦးဆောင်ထိန်းသိမ်းစောင့်ရှောက်သူများကပြောသည်။

အဆိုပါ ဒီရေတောကြိုးဝိုင်းကို ထိန်းသိမ်းစောင့်ရှောက်မည့် ဝန်ထမ်းများမရှိတော့သဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့မှစကာ အနီးအနားရှိ ကျေးရွာ ၁၄ ရွာက ဒေသခံများက စုပေါင်းထိန်းသိမ်းနေကြခြင်းဖြစ်သည်။

ဖမ်းစီးရမိထားသော သစ်ဘုတ်များစက်လှေများထဲမှ သစ်တစ်ချို့ကို သိမ်းဆည်းထားပြီး တစ်ချို့ကို နောက်တစ် ခါမခုတ်ရန်သတိပေးကာပြန်လွှတ်ပေးသည်ဟု ဝန်ဗိုက်ကြိုးဝိုင်း ဒီရေတောစောင့် ရှောက်ရေးအဖွဲ့မှ နာယက ဆရာတော်ကြီးဖြစ်သည့် ဆရာတော်အရှင်မဟိန္ဒကပြောသည်။

“စပြီးထိန်းသိမ်းမှုတွေလုပ်ကတည်းက ဖမ်းမိတာတော့ ဘုတ်ကြီး ၄၀ ထက်မနည်းမိပါတယ်။ တစ်ပိုင်တစ်နိုင် ခုတ်တဲ့အငယ်တွေလည်းရှိပါသေးတယ်။ တစ်ချို့ကိုတော့ သိမ်းဆည်းထားသလို တစ်ချို့ကိုတော့ နောက်တစ်ခါ လာမခုတ်ဖို့သတိပေးတာတွေ လုပ်ပြီးပြန်လွှတ်ပါတယ်။ စပြီး လုပ်တာမကြာသေးတော့။ အရမ်းကြီးလည်းအ ကျပ်မကိုင်ချင်သေးဘူးလေ”ဟုပြောသည်။

ထိန်းသိမ်းမှု စလုပ်သည့် အစောဆုံးရက်များတွင် တစ်နေ့လျှင် စက်လှေများ၊ ဘုတ် များဖြင့် စီးပွားဖြစ် သစ်ခုတ် နေကြသူများနှင့် တစ်ပိုင်တစ်နိုင်ခုတ်နေကြသူများ တစ်ရက်တည်းတွင် အစီးရေ ၁၀ ကျော်ထိတွေ့ရှိရပြီး နောက် ပိုင်း တစ်ဖြည်းဖြည်းနည်းလာသည်ဟု ဝန်ဗိုက်တောကြိုဝိုင်းထိန်းသိန်းစောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဌ ဦးထွေး အောင်ကပြောသည်။

“ပထမဆုံးစပြီး စောင့်ရှောက်ကြတဲ့နေ့တွေကဆိုရင် တစ်ရက်ကို စက်လှေတွ ၊ ဘုတ်တွေ ၁၀ ကျော်တောင် ဖမ်း မိပါတယ်။ နောက်ပိုင်း ၇ စီး၊ ၈စီး ဖမ်းမိတယ်။ ဒီနေတော့ ၁ စီးပဲမိပါတယ်။ ဒီရေတောကြီးက အရမ်းကြီးပါတယ်။ ကြီးတော့ အကုန်လုံး ကို နေရာအနှံ့သွားဖို့ တစ်ပတ်လောက်ကြာပါတယ်။ ကျွန်တော်တို့ ၃ ရက်ဆက်တိုက်သွား တာတောင် တစ်ဝက်လောက်ပဲပြီးသေးတယ်”ဟုပြောသည်။

ဖမ်းဆီးတွေ့ရှိရမိသော သစ်ဘုတ်အကြီးများမှာ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ စစ်တွေများမှ အများဆုံးဖြစ်ပြီး ၎င်းတို့မှာ စီးပွားဖြစ်ရောင်းချရန် အပင်ကြီးများသာ ရွေး၍ ချိန်းစက်များဖြင့် ညအိပ်ကာလာရောက်ခုတ် ကြသည် ဟုလည်း ၎င်းကပြောသည်။

ဝန်ဗိုက်ဒီရေတောကြီးမှာ အကျယ်အဝန်း ၅၆၆၃၃ ဧက ကျယ်ဝန်ပြီး အာရှဒုတိယအကြီးဆုံးဒီရေတောကြီးတစ်ခု ဖြစ်ကာ ထိန်းသိမ်းစောင့်ရှောက်မည့် ဝန်ထမ်းများမရှိတော့သဖြင့် ၇၅ ရာခိုင်နှုန်းအထိဖြုန်းတီးမှုနှင့် ရင်ဆိုင်နေရ သည်ဟုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူများပြောသည်။

ယခင်ကသစ်တောဝန်ထမ်းများရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်အစောပိုင်းကတည်းက နိုင်ငံရေးအခြေအနေကြောင့် ဝန် ထမ်းများမှာ ဒီရေတောကို စွန့်ခွာခဲ့ကြကြောင်း ရမ်းဗြဲမြို့နယ် သစ်တောဦးစီးမှူး ဦးမင်းထက်အောင်က အောက် တိုဘာလ ၇ ရက်နေ့က Western News ကိုဖြေဆိုထားသည်။

ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းတွင် ဒီရေတောများကို တရာမဝင်းခိုးထုတ်မှုများကြောင့် အပင်ကြီးများမှာမရှိသ လောက်သာြစ်နေပြီး အပင်ငယ်များသာကျန်ရှိတော့သည်ကိုလည်းWestern News သတင်းဌာနက အောက်တိုဘာ ၅ ရက် နေ့က ကွင်းဆင်းလေ့လာစဉ် တွေ့မြင်ခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် ယခင်က ဒီရေတောဧက ၄ သိန်းကျော်အထိရှိခဲ့သော်လည်း လက်ရှိတွင် ဒီရေတော ဧကမှာ ၂ သိန်းကျော်ခန့်သာကျန်ရှိတော့သည်ဟုလည်း ရခိုင်ကမ်းရိုးတန်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥက္ကဌ ဒေါက်တာမောင်မောင်ကြည်က Western News ကိုဖြေဆိုထားသည်။

https://www.facebook.com/westernnewsagency/posts/399720488501128

Leave a Reply

Your email address will not be published.