ရခိုင်တွင် ၈ လအတွင်း ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှု ၃ သောင်းကျော်သာ ရှိခဲ့

By Western News/ 2021 October 26

ဖေဖော်ဝါရီလ ၁ ရက်စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်တွင်း ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက် မှု ၃ သောင်းကျော်သာရှိခဲ့သည်ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ဦးစီဌာနမှ သိရသည်။

ဖေဖော်ဝါရီလတွင် ပြည်တွင်းခရီးသွား ၁၂၀၀ နှင် နိုင်ငံခြားခရီးသွား ၆၆ ဦး၊ မတ်လတွင် ပြည်တွင်းခရီးသွား ၂၅၁၅ ဦးနှင့် နိုင်ငံခြားခရီးသွား ၁၅၅ ဦး၊ ဧပြီလတွင်ပြည်တွင်း ၈၃၁၈ ဦးနှင့် နိုင်ငံခြားသွား၇၁၀ ဦး၊ မေလတွင် ပြည်တွင်းခရီးသွား ၈၉၃၀ ဦးနှင်နိုင်ငံခြားခရီးသွား ၆၄၁ ဦး၊ ဇွန်လတွင် ပြည်တွင်းခရီးသွား ၄၀၆၅ ဦးနှင့် နိုင်ငံခြားခရီးသွား ၁၂၈ ဦး၊ ဇူလိုင်လတွင် ပြည်တွင်းခရီးသွား ၁၅၈၈ ဦးနှင့် နိုင်ငံခြားခရီးသွား ၆၃ ဦး၊ ဩဂုတ်လတွင် ပြည်တွင်းခရီးသွား ၁၄၄၅ ဦးနှင့် နိုင်ငံခြားခရီးသွား ၅၃ ဦး၊ စက်တင်ဘာလတွင် ပြည်တွင်းခရီးသွား ၂၂၀၉ ဦးနှင့် နိုင်ငံခြားခရီးသွား ၇၆ ဦးရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် ဟိုတယ်၊ မိုတယ်၊ ၅၈ ခုဖွင့်ထားပြီး ၈ လ အတွင်းပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု ၃၂၁၆၂ ဦးရှိခဲ့သည်ဟု ပြည်နယ် ဟိုတယ်နှင့် ခရီသွားလာရေး ဦးစီးဌာနမှ ပြည်နယ်ဒုတိယ ညွှန့်ကြားရေးမှူး ဦးမိုးအောင်က Western News ကိုပြောသည်။

“လက်ရှိမှာ နိုင်ငံခြားသား တည်းခိုနိုင်တဲ့ ဟိုတယ်ရော့ တည်ခိုရိပ်သာပါ ၅၈ လုံးဖွင့်ထားပါတယ်။ အားလုံးလိုင်စင် ယူထားတာက ၁၀၀ ကျော်လောက်တော့ရှိတယ်။ တစ်ချို့ဟာ တွေက အခုရာသီမှာ ပိတ်ထားတာတွေရှိတယ်။ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှုကတော့ ဖေဖော်ဝါရီလကနေ စက်တင်ဘာလ အတွင်းစုစုပေါင်း ၃၂၁၆၂ ဦးရှိခဲ့တယ်။ ပြည်တွင်း ခရီးသွားက ၃၀၂၇၀ ဦးနှင့် နိုင်ငံခြားသားခရီးသွားက ၁၈၉၂ ဦးဝင်ရောက်တည်ခိုခဲ့တယ်”ဟုပြောသည်။

အဆိုပါ ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှုများသည် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနတွင် လိုင်စင်ခံထားသည့် ဟိုတယ်နှင့် တည်ခိုခန်းများတွင် တည်းခိုခဲ့သည့် စာရင်းများဖြစ်သည်။

ဖေဖော်ဝါရီလ မှ စက်တင်ဘာလအတွင်း ပြည်းတွင်း ပြည်ပခရီးသွားဝင်ရောက်မှုမှာ စစ်တွေမြို့က ၁၄၁၉၂ ဦးဖြင့် ဝင်ရောက်မှုအများဆုံးဖြစ်ပြီး သံတွဲမြို့က ၁၃၇၉၇ဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့ကာ ကျောက်ဖြူမှ ၃၄၇၇ ဖြင့်တတိယဝင်ရောက်မှုအများဆုံးဖြစ်ခဲ့သည်ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ဦးစီးဌာနမှ သိရသည်။

https://www.facebook.com/westernnewsagency/posts/397121838760993

Leave a Reply

Your email address will not be published.