မင်းပြားတွင် ဓားခုတ်ခံရ၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံး

By Narinjara/ 2021 October 21

နှင်းနွယ်နီ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မင်းဗာကြီးရပ်ကွက်တွင် ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်က ဓားခုတ်ခံရ၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ မင်းပြားမြို့၊ မင်းဗာကြီးရပ်ကွက်မှ ကိုလင်းလင်း(၂၁ နှစ်)ဖြစ်သည်။

သူသည် အောက်တိုဘာလ ၂၀ ရက် ညနေ ၆ နာရီခန့်က ၎င်းရပ်ကွက်မှ အရက်တစ်ဆိုင်တွင် ဖုန်းအားသွင်း၍ ကုလားထိုင်ပေါ်တွင်ထိုင်နေစဉ် တစ်ရပ်ကွက်တည်းနေ ကိုဇော်ဦး (၂၆ နှစ်)က အသင့်ပါလာသော အိမ်သုံး ငါးခုတ်ဓားမဖြင့် ခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးလှသိန်းမောင်က နိရဥ္စရာကိုပြောသည်။

“ပွဲချင်းပြီးဆုံးသွားတာပါ။ အခုတ်ခံရတာ လည်ပင်းထက်ဝက်ကျွံသွားတယ်”ဟု ပြောသည်။

သေဆုံးသူသည် ပြစ်မှုကျူးလွန်သူအား ငွေ ၁ သိန်းပေးရန်ရှိသည်ကို မပေးသည့်အတွက် မကျေနပ်၍ ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သူတို့နှင့်နီးစပ်သူများက ပြောသည်။

အဆိုပါဖြစ်စဉ်ကို မင်းပြားမြို့မရဲစခန်းကို တိုင်ကြားထားပြီး လက်ရှိတွင် ကျူးလွန်သူမှာ ထွက်ပြေးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

https://www.facebook.com/narinjara.info/posts/4801862886492417

Leave a Reply

Your email address will not be published.