နိုဝင်ဘာလ ၁ ရက်နေ့တွင် အခြေခံပညာစာသင်ကျောင်းများပြန်ဖွင့်မည်

By Western News/ 2021 October 29

မြန်မာတစ်နိုင်ငံတစ်ဝန်းရှိ Covid အခြေနေကောင်းမွန်သည့် ဒေသများတွင် ပိတ်ထားသည့်အခြေခံပညာစာသင် ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို လာမည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်မည်ဖြစ်သည်ဟု ကိုဗစ်ထိန်းချုပ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသည်။

ကျောင်းများကို ကိုဗစ်ထိန်းချုပ်ရေးဗဟိုအဖွဲ့၏ညွှန်ကြားချက်အရ ပြန်ဖွင့်မည်ဖြစ်ပြီး စာသင်ကျောင်းများပြန် ဖွင့်ရာတွင် ရခိုင်ရှိ ၁၇ မြို့နယ်မှ ဂွမြို့နယ်တစ်ခုမှာ ကိုဗစ်အခြေနေကြောင့် ကျောင်းပြန်ဖွင့်နိုင်မည်မဟုတ်သေး ဟု ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်း ကပြောသည်။

“ကျောင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ ကိုဗစ်ထိန်းချုပ်ရေးဗဟိုအဖွဲ့ကနေပြီး ခွင့်ပြုထားပါတယ်။ ကျောင်းဖွင့်မယ့်အထဲမှာ ရခိုင်ပြည်မှာတော့ မြို့နယ်အားလုံးနီးပါးပါတယ်။ ဒါပေမယ့် ဂွမြို့နယ်တော့ ကျန်ခဲ့တယ်။ ကိုဗစ်အခြေနေတွေကြောင့် ပြန်ဖွင့်ဖို့အဆင်မပြေသေးလို့ပါ။ မကြာခင်တော့ပြန်ဖွင့်နိုင်မှာပါ” ဟုပြောသည်။

ကျောင်းသားများအတွက် စာသင်ကြားမှုများကို သတ်မှတ်လပိုင်းအားထုတ်ပြန်ထားမှုမရှိသေးကြောင်း ပုံမှန်စာ သင်နှစ်များအတိုင်း မတ်လ၊ ဧပြီလလောက်ထိဖြစ်နိုင်ခြေရှိသည်ဟု သူကဆက်ပြောသည်။

ယခု ၂၀၂၁-၂၀၂၂ အခြေခံပညာစာသင်ကျောင်းများကို ပုံမှန်ကျောင်းဖွင့်ချိန်ဖြစ်သည့် ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ် နိုင်ခဲ့သော်လည်း ကိုဗစ်တတိယလှိုင်းအခြေနေဆိုးရွားလာမှုကြောင့် ကျောင်းများကို ဇူလိုင်လ ပထမအပါတ်မှစ၍ အောက်တိုဘာလအထိ ယာယီပိတ်ထားခဲ့ရခြင်ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/399046865235157

Leave a Reply

Your email address will not be published.