တရားစွဲခံထားရသည့် လက္ကာရွာသား ၂၃ ဦး၏ အမှုတစ်မှုကို လာမည့်ရုံးချိန်တွင် အပြီးသတ်အမိန့်ချမည်

By Western News/ 2021 October 28

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၃ ဦး၏ အမှုအား ယနေ့ အောက်တိုဘာ ၂၈ နေ့တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ရုံးချိန်တွင် တရားစွဲခံထားရသည့် ၂၃ ဦးမှာ ကျန်ရှိနေသည့်အမှု ၂ မှုထဲမှ ရာဇသတ်ကြီးအမှတ် ၂/၂၀၂အမှုအတွက် တရားခံနှင့် ခံပြသက်သေများကို စစ်ဆေးခဲ့ပြီး နောက်ထပ်တစ်မှုဖြစ်သည့် ရာဇသတ်ကြီးအမှတ် ၆/၂၀၁၉ အမှုကိုတော့ နိုဝင်ဘာ ၅ ရက်နေ့မှာဘဲ အပြီးသတ်အမိန့်ချမှတ်သွားမည်ဟု တရားရုံးမှဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွတ်တော်ရှေ့နေ ဦးအောင်စစ် မင်း က Western News ကို ပြောသည်။

“ဒီနေရုံးချိန်းမှာ ရာဇဝတ်ကြီးအမှတ် ၆၀/ ၂၀၁၉ ၅၀(က)နှင့် ၅၀(ဈ)အတွက် နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြတယ်။ နောက်ထပ်ရာဇဝတ်ကြီးအမှတ် ၂/ ၂၀၂၀ အတွက် ၅၀(က)နှင့် ၅၀(ဈ) အတွက် တရားခံနဲ့ ခံပြတွေကိုစစ်ဆေးခဲ့တယ်။ နောက်ရုံးချိန်းကို နိုဝင်ဘာ ၅ နေ့ကိုချိန်းလိုက်ပါတယ်။ အဲဒီနေ့မှာ ရာဇဝတ်ကြီးအမှတ် ၆၀/ ၂၀၁၉ အတွက်အပြီးသတ်အမိန့်ချမှာဖြစ်ပြီး ရာဇဝတ်ကြီးအမှတ် ၂/၂၀၂၀ အတွက်အပြီးသတ်လျှောက်လဲချက်ပေးသွားမယ်”ဟုပြောသည်။

အဆိုပါ လက္ကာကျေးရွာသားများသည့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဖမ်းဆီးခံခဲ့ရပြီး ဗိုလ်ကြီးထင်းလင်း နှင့် ဒုရဲအုပ်ဇော်မျိုးဝင်းတို့က တရားလိုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀ (ဈ) နှင့် လက်နက်အရေးပေါ်စီမံအက်ဥပဒေ၂(၁)(က)တို့ဖြင့်စစ်တွေခရိုင်တရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။

လက္ကာကျေးရွာသားအမှုတွင် ရာဇဝတ်ကြီးအမှတ် ၅၉/၂၀၂၀ အမှု လက်နက်အရေးပေါ်စီမံအက်ဥပဒေ ၂(၁)(က) အတွက် တရားခံများအား အပြစ်မရှိဟုဆိုကာ တရားရုံးကအဆိုပါအမှုအတွက်လွှတ်ပေးလိုက်သည်။

အဆိုပါ လက္ကာကျေးရွားသားများအမှုတွင် အမှု ၃ ခုအတွက် တရားလိုနှစ်ဦးရှိကာ လိုပြသက်သေပေါင်း ၉၀ ဦးကျော်ခန့်ရှိပြီး ၂ နှစ်ကျော်ကြာ အမှုရင်ဆိုင်နေကြရသည်။

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲခံထားရသူ ၉၀ စစ်ကောင်စီက ကျော်လွှတ်ပေးခဲ့သော်လည်း ယင်းအထဲတွင် လူသိများသည့် လက္ကာ၊ ကျောက်ဆိပ်အမှုတို တစ်ဦးမျှလွတ်မြောက်ခဲ့ခြင်းမရှိခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/398627431943767

Leave a Reply

Your email address will not be published.