စစ်တပ်သားသမီးများနှင့် ကြံ့ခိုင်ရေးပါတီထောက်ခံသူတို့ ပူးပေါင်း၍ ငပလီတွင် စစ်တပ် ထောက်ခံပွဲလုပ်

By Western News/ 2021 October 24

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီမြို့တွင် စစ်တပ်သားသမီးများနှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ထောက်ခံသူတို့ ပူးပေါင်း၍ စစ်တပ်ထောက်ခံပွဲတစ်ခုကို ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့်တွင် ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများကပြောသည်။

ယင်းထောက်ပွဲကို ငပလီကမ်းခြေရှိ သံတွဲ လေဆိပ်အနီးမှ amazing hotel ရှေ့နားအထိ စီတန်းလှည့်လည်ခဲ့ပြီး ပါဝင်သူ လူဦးရေ ၁၀၀ ဝန်းကျင်လောက်ရှိသည်ဟု အနီးအနားမှနေထိုင်သူများကပြောသည်။

၄င်းထောက်ခံပွဲကို ပြုလုပ်ကြသူများမှာ သံတွဲမြို့နယ်ရှိ ကျေးရွာတချို့မှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ထောက်ခံကြသူများနှင့် သံတွဲမြို့အခြေစိုက် ခလရ ၅၅၊ ခမရ ၅၆ တို့မှ စစ်တပ်သားသမီးတို့ စုစု‌ပေါင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/396635482142962

Leave a Reply

Your email address will not be published.