ကျောက်ဖြူနှင့် တောင်ကုတ်တွင် တပ်မိသားစုများပူးပေါင်း၍ စစ်တပ်ထောက်ခံပွဲလုပ်

By Western News/ 2021 October 26

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူနှင့် တောင်ကုတ်မြို့တွင် တပ်မိသားစုများပူးပေါင်း၍ စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း မြို့ရှိဒေသခံများမှပြောသည်။

ကျောက်ဖြူတွင် ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်လောက်တွင် လူ ၁၀၀ နီးပါးခန့် ထောက်ခံပွဲလုပ်ခဲ့ကြောင်း ကျောက်ဖြူဒေသခံ ကိုနေစိုးခိုင် ကပြောသည်။

“ဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ ပင်လယ်ကမ်းစပ်နားမှာလုပ်ကြတာ။ လူကတော့ ၁၀၀ နီးပါးလောက်ရှိမယ်။ ထောက်ခံပွဲလုပ်တာကတော့ တပ်မိသားစုတွေပဲ။ သူတို့နာရီဝက်လောက် လုပ်ပြီး တပ်ထဲပြန်ဝင်သွားကြတယ်” ဟုပြောသည်။

တောင်ကုတ်မြို့နယ်တွင်လည်း အလားတူ နံနက်ပိုင်း၌ လူ ၇၀ နီးပါးခန့် စစ်တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း တောက်ကုတ်ဒေသခံ ကိုထွန်းလင်းက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့လည်ပိုင်းလောက်တွင်လည်း သံတွဲမြို့နယ် ငပလီမြို့ သံတွဲလေဆိပ်အနီးတွင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီထောက်ခံသူများနှင့် တပ်မိသားစုများ စုပေါင်း၍ တပ်ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။

https://www.facebook.com/westernnewsagency/posts/397161025423741

Leave a Reply

Your email address will not be published.