ကော့စ်ဘဇား ဘာလုခါလီဒုက္ခသည်စခန်းတွင် အုပ်စု ၂ ခုကြားတိုက်ခိုက်မှုဖြစ်ရာက ၇ ဦးသေဆုံး

By Narinjara/ 2021 October 22

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား၊ အိုကီးယားမြို့နယ်တွင် တည်ရှိသည့် အမှတ် ၁၈ ဘာလုခါလီ (Balukhali) မြန်မာနိုင်ငံက ထွက်ပြေးလာသည့် မူဆလင်များ နေထိုင်သည့်  ဒုက္ခသည်စခန်းတွင် ယနေ့နံနက်က အုပ်စု နှစ်ခုအကြား တိုက်ခိုက်မှု ဖြစ်ပွား၍ ၇ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းစခန်း၏ လုံခြုံရေးကို တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ အမှတ် (၈) တပ်ရင်း (Armed Police Battalion (APBn)-8)  တပ်မှူး Shihab Kaiser Khanက ၎င်း ဖြစ်စဉ်ကို အတည်ပြု ပြောကြားသည်ဟု  The Daily Star သတင်း၌ ဖော်ပြသည်။

သေဆုံးသွားသူများအထဲမှ ၄ ဦးမှာ ဘာလုခါလီ အမှတ် ၂ စခန်းက Mohammad Idris (၃၂ )၊ ဘာလုခါလီ အမှတ် ၁  စခန်းက Ibrahim Hossain (၂၂ )၊ စခန်း အမှတ် ၁၈ က Azizul Haque (၂၆) နှင့်  Md Amin (၃၂ ) တို့ ဖြစ်ကြသည်ဟု ဆိုသည်။

၎င်းဖြစ်စဉ်မှာ အုပ်စု နှစ်ခုကြား တိုက်ခိုက်မှု ဖြစ်ရာမှ သေဆုံးသွားခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် လူတစ်ဦးအား လက်နက်နှင့် အတူ ရဲက ဖမ်းဆီးထားပြီး ပါဝင်သူများကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က စခန်းထဲကို ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိရသည်။

( The Daily Star/ 7 Rohingyas killed in clashes between 2 groups in Cox’s Bazar camp)

https://www.facebook.com/narinjara.info/posts/4805054099506629

Leave a Reply

Your email address will not be published.