By Western News/ 2021 September 16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင်ကိုသန့်ဇင်ဖြိုးတို့အား ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နေ့တွင်အပြီးသတ်အမိန့်ချမည်ဟု ရေှ့နေကပြောသည်။
ယနေ့ရုံးချိန်းတွင် ဦးမင်းအောင်နှင့်ကိုသန့်ဇင်ဖြိုးတို့၏တရားခံပြ သက်သေနှစ်ဦးကို စစ်ဆေးခဲ့ပြီး မနက်ဖြန်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးကာ အမိန့်ချမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေး နေသည့် ရှေ့နေ ဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။
“ဒီနေ့ရုံးချိန်းမှာတော့ ဦးမင်းအောင်ရဲ့ တရားခံပြသက်သေနှစ်ဦးကိုစစ်ပါတယ်။ ကိုသန့်ဇင်ဖြိုးမှာလည်း တရားခံပြ သက်သေနှစ်ဦးကိုစစ်ပါတယ်။ မနက်ကျရင် မနက်ပိုင်းမှာ အပြီးသတ်လျှောက်လဲချက်ပေးမှာပါ။ ပြီးတော့ ညနေပိုင်းမှာ အပြီးသတ်အမိန့်ချမှတ်သွားမယ်”ဟုပြောသည်။
ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့သည့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေက တောင်ကုတ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံခဲရခြင်းဖြစ်သည်။
ယင်းနောက် ၎င်းတို့နှစ်ဦးကို တောင်ကုတ်မြို့မရဲစခန်းမှ ဒုရဲမှူးဇော်လတ်က တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး သံတွဲခရိုင် သဘာဝဘေးအန္တရာယ်နှင့် ကာကွယ်ရေးပစ္စည်းထိန်းသိမ်းရေးဌာနမှ ဦးစီးမှူးဒေါ်မဉ်ဇူသင်းက တရားလိုလုပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ဦးမင်းအောင်အားတောင်ကုတ် ခမရ ၅၄၄ တပ်ရင်းတွင်ဖမ်းဆီးထိန်းသိမ်းထားပြီး ကိုသန့်ဇင်ဖြိုးကို ကျန်းမာရေးဆေးထောက်ခံချက်ဖြင့်အပြင်မှ ရုံးချိန်းသွားနေရသည်။
ဦးမင်းအောင်တွင် အဆိုပါ ပုဒ်မနှစ်ခုအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုသုံးခုကို ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် ဆက်လက်ရင်ဆိုင်နေရသည်။
https://www.facebook.com/westernnewsagency/posts/371557984650712