By BBC / 2021 September 9
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က မွတ်ဆလင်ကျေးရွာ ခြောက်ရွာက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ကျောက်တော်မြို့ အခြေစိုက် ခလရ ၃၇၅ တပ်ရင်းကိုခေါ်ယူပြီး တပ်ရင်းမှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦးက အခုလိုညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ အဲ့ဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ အကြောင်းစုံသိရအောင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။