သံတွဲတွင် ရောဂါအခံရှိသည့် ကိုဗစ်အတည်ပြုလူနာ တစ်မနက်အတွင်း ၃ ဦးသေဆုံး

By Western News/ 2021 September 16

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ယနေ့စက်တင်ဘာလ ၁၇ ရက်နံနက်ပိုင်းအချိန်၌ ရောဂါအခံရှိသည့် ကိုဗစ်အတည်ပြုလူနာ တစ်မနက်အတွင် ၃ ဦးသေဆုံးသွားကြောင်း သံတွဲခရိုင်ဆေးရုံအုပ်ကြီးက အတည်ပြုပြောကြားသည်။

သေဆုံးသူမှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးဖြစ်ပြီး ဆီးချိုနှင့် သွေးတိုးရောဂါများရှိကြကြောင်း အသက် ၈၀ ကျော် ၇၀ ကျော် အရွယ်များဖြစ်ကြောင်း သံတွဲခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းထွန်းကWestern News ကို ပြောသည်။

“ဒီနေ့မနက်ပိုင်း ၃ ယောက်သေတယ်။ ဆီးချို၊ သွေးတိုးစတဲ့ရောဂါအခံတွေရှိကြတယ်။ အမျိုးသား ၁ ယောက် အမျိုးသမီး ၂ ယောက် အသက်လည်း သက်ကြီးပိုင်းပဲ။ ၇၄ နှစ်တစ်ယောက်၊ ၈၀ တစ်ယောက် ပြီးတော့ ၆၀ တစ်ယောက်ပါတယ်” ဟုပြောသည်။

ကိုဗစ်တတိယလှိုင်းအတွင်း သံတွဲမြို့နယ်တွင် ကိုဗစ်ကူးစက်ပြီးသေဆုံးသူ စုစုပေါင်းဦးရေ ၃၉ ဦးရှိပြီဖြစ်ကာ လက်ရှိဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၂၀ ကျော်ရှိနေကြောင်း ဆရာဝန်ကြီးမှ ဆက်ပြောသည်။

သံတွဲမြို့နယ်သည် ရခိုင်ပြည်နယ်အတွင်းကိုဗစ်ပိုးတွေ့ရှိမှုအများဆုံးထဲ၌ စတုတ္ထအဆင့်တွင်ရှိနေသောမြို့နယ် တစ်ခုဖြစ်ပြီး လက်ရှိချိန်ထိလည်း ပို့တွေ့လူနာနှင့်သေဆုံးလူနာများဆက်ရှိနေဆဲဖြစ်သည်။

ရခိုင်ပြည်တွင် ကိုဗစ်တတိယလှိုင်း၌ စက်တင်ဘာလဆန်းပိုင်းအထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၄၄၀၀ ကျော်အထိရှိပြီး သေဆုံးသူဦးရေအားဖြင့် ၄၀၀ ကျော်အထိရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန် ချက်အရသိရသည်။

https://www.facebook.com/westernnewsagency/posts/372127851260392

Leave a Reply

Your email address will not be published.