ရွှေပြည်တန်ရေယာဉ်လိုင်းများ ရာသီဥတုအခြေအ‌နေကြောင့် မြို့နယ်အချို့သို့ မပြေးဆွဲနိုင်သေး

By Western News/ 2021 September 13

ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းများ အားလုံးကို ယခုစက်တင်ဘာ ဒုတိယအပတ်တွင် ပြန်လည်ပြေးဆွဲမည်ဟု ပြောဆိုထားသော်လည်း ရာသီဥတု အခြေအနေကြောင့် အချို့မြို့နယ်များသို့ မပြေးဆွဲနိုင်သေးကြောင်း ရွှေပြည်တန်အမြန်ရေယာဉ်၏ တာဝန်ရှိသူကပြောသည်။

ဇူလိုင် ၂၄ ရက်ရက်နေ့မှ ရပ်နားထားရသည့် စစ်တွေမှ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်နီမော် ခရီးစဉ်များကို စက်တင်ဘာ ဒုတိယအပတ်တွင် ပြန်လည်ပြေးဆွဲမည် ပြောဆိုထားသော်လည်း လက်ရှိရာသီဥတုအခြေအနေကြောင့် မပြေးဆွဲနိုင်သေးကြောင်း ရွှေပြည်တန်အမြန်ရေ ယာဉ် မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

“ကျွန်တော်တို့ တောင်ကုတ်ဖက်တွေနဲ့ ရသေ့တောင်၊ ဘူးသီးတောင်ဖက်တွေကို စက်တင်ဘာ ဒုတိယအပတ်မှာ ပြေးဆွဲမယ်လို့လုပ်ထားတယ်။ ဒါပေမယ့် ရာသီဥတု အခြေအနေမကောင်းတဲ့အတွက် မပြေးဆွဲနိုင်သေးပါဘူး။ ဒီရာသီဥ တု ကောင်းသွားတဲ့ ကျရင် အဲ့ဒီဖက်တွေကို ပြန်ပြေးဆွဲတော့မှာပါ”ဟုပြောသည်။

ရွှေပြည်တန်အမြန်ရေယာဉ်မှ ပြေးဆွဲနေသည့်ရေကြောင်းလိုင်းများမှာ စစ်တွေမှ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊သံတွဲ၊ တောင်ကုတ်၊ ကျောက် နီမော်တို့ ဖြစ်ပြီး ယင်းခရီးစဉ်များကို ကိုဗစ်ကြောင့် ဇူလိုင် ၂၀ ရက်နေ့က ယာယီရပ်နားခဲ့ရသည်။

ထိုသို့ ရပ်နားထားရသည့် ခရီးစဉ်များထဲမှ စစ်တွေမှ ပေါက်တော၊ မြောက်ဦး၊ မင်းပြားမြို့နယ်များကို ဩဂုတ်လ ၂၄ ရက်နေ့မှစ၍နေ့ တိုင်းပုံမှန် ပြန် လည် ပြေးဆွဲနေပြီဖြစ်သည်။


လဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိ အားနည်းရပ်ဝန်းမှာ အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားပြီး နောက်(၄၈)နာရီအတွင်းတွင် ပိုမိုအားကောင်းလာ၍ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်က မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

https://www.facebook.com/westernnewsagency/posts/369787158161128

Leave a Reply

Your email address will not be published.