By Western News/ 2021 September 9

ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ်ချခဲ့သည့် လွမ်းသူ့ပန်းခွေကို ယနေ့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရုပ်သိမ်းခံခဲ့ရပြီး နေ့လည်ပိုင်းတွင် မူလနေရာသို့ ပြန်လည်၍ လာထားခဲ့ကြောင်း အမ်းဒေသခံများမှ ပြောသည်။
ရဲတပ်ဖွဲ့ဝင်များလုံခြုံရေးယူထားသည့်ကြားမှ ဦးဥတ္တမနေ့အထိမ်းအမှတ် လွမ်းသူ့ပန်းခွေအား ယနေ့မနက်ပိုင်း အချိန်တွင် ရုပ်သိမ်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ပန်းခွေအားမည်သူကယူဆောင်သွားပြီး မည်သူက လာရောက် ၍ မူလနေရာသို့ပြန်လည်ထားသည့်ကို မသိရှိကြောင်း အမ်းမျိုးဆက်သစ်လူငယ်ကွန်ရက်မှပြောသည်။
ယနေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်ခန့်တွင်အဆိုပါပန်းခွေအား ပြန်ရောက်ရှိနေခြင်းဖြစ်ပြီး ယင်းအချိန်တွင် ပန်းခြံအတွင်း လူ လေး ၅ ဦးခန့်လည်းရှိနေကြောင်း အမ်းမြို့နယ် မေတ္တာရှင်ပရဟိတအဖွဲ့ မှ နာယက ဆရာတော် ပရမဝံသ ကမိန့်သည်။
“နေ့လည် ၁ နာရီလောက်ကပြန်ရောက်နေပြီ။ ဦးဇင်းတို့ချခဲ့တာက ၂ ခွေလေ ခု ၂ ခွေလုံးပြန်ရောက်နေပြီ။ အဲဒီထဲမှာ လူလေးငါးယောက်တော့ရှိနေတယ်” ဟုမိန့်သည်။
ယနေ့ကျရောက်သည့် (၈၂) ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်နေ့၌ အမ်းမျိုးဆက်သစ် လူငယ် ကွန်ရက်မှ ဦးဆောင်၍ ရုပ်ထုရှေ့တွင် လွမ်းသူ့ပန်းခွေချခဲ့ခြင်းဖြစ်ပြီး ၎င်းပန်းခွေအား နာရီဝက်အတွင်း ရုပ်သိမ်း ခံခဲ့ရကာ ယခုပြန်လည်ရောက်ရှိနေခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/367078001765377