ရခိုင်တွင် စစ်ကောင်စီခန့်ဝန်ကြီး ရုတ်တရက် နေမကောင်းသဖြင့် ရဟတ်ယာဉ်ဖြင့် ဆေးရုံပို့ခဲ့ရ

By DVB/ 2021 2021 September 30

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကခန့်အပ်ထားတဲ့ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းဟာ ကျောက်တော်မြို့ကို ရောက်ရှိနေစဥ်  ရုတ်တရက်သွေးတိုးလာတာကြောင့် စစ်တွေဆေးရုံကို စစ်ရဟတ်ယာဉ်နဲ့ အရေးပေါ်ပို့ဆောင်ခံရတယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးသန်းထွန်းဟာ ကျောက်တော်မြို့အောက်ဆီဂျင်စက်ရုံဖွင့်ပွဲအတွက် ရောက်ရှိနေစဉ် ဒီကနေ့ညနေ ၄ နာရီကျော်မှာ ရုတ်တရက်သွေးတိုးလာတာကြောင့် ကျောက်တော်ဆေးရုံမှာ အရေးပေါ်ကုသမှုပေးခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေကြောင့် စစ်တွေမှာ ဆက်လက်ကုသ​ပေးဖို့ စစ် ရဟတ်ယာဉ်နဲ့ ပို့​ဆောင်ခဲ့ရတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေဆီက သိရပါတယ်။

ကျောင်းဆရာဟောင်း ဦးသန်းထွန်းဟာ စစ်တွေမြို့မိမြို့အဖြစ် လေးစားခံရသူဖြစ်ပြီး စစ်တွေ ဆေးရုံကြီး အရေးပေါ်လူနာတွေကို ဦးဆောင်ကူညီနေသူဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်စစ်ကောင်စီဝင် ဖြစ်လာခဲ့ပြီး အစိုးရအဖွဲ့များ ပြန်လည်ဖွဲ့စည်းတဲ့အချိန်မှာ ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာလို့ သိရပါတယ်။

https://www.facebook.com/DVBTVNews/posts/4765418420163287

Leave a Reply

Your email address will not be published.