By Narinjara/ 2021 September 28
သဥ္ဇာနွယ်
ရခိုင်ပြည်နယ်၊ မင်းပြားမြိ်ု့ မြို့မသုသာန်တွင် ပရဟိတအဖွဲ့တစ်ခုက အမှိုက်ကောက်ကမ်ပိန်းတစ်ခုကို ယနေ့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကမ်ပိန်းကို ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မင်းပြားမြို့ ပရဟိတလူငယ်များကွန်ရက်ကဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“သချိုးမှာ ဧရိယာက တော်တော်ကြီးကိုအမှိုက်ရှူပ်ပွနေတယ်။ ပလပ်စတိတ်တွေရှိတယ်။ တခြားအမှိုက်တွေလည်းရှိတယ်။ တော်တော်ကြီးကိုကြည့်ရဆိုးပါတယ်။ မြို့ပေါ်ကလူတွေကိုလည်း ကျနော်တို့နဲ့အတူ ပူးပေါင်းပါဝင်စေချင်တယ်။ အဓိကတော့ လူထုကို အသိပညာပေးချင်တယ်။ အမှိုက်ကင်းစင်တဲ့ပတ်ဝန်းကျင်တစ်ခုကို ဘယ်လိုပူးပေါင်းပြီးတည်ဆောက်လို့ရတယ်ဆိုတဲ့ဟာကို သိစေချင်တယ်။ ကျနော်တို့အမြဲတမ်းလိုလို မလုပ်နိုင်ရင်တောင် ရံဖန်ရံခါ လုပ်နိုင်အောင်ကြိုးစားနေပါတယ်”ဟု မင်းပြားပရဟိတလူငယ်များကွန်ရက်ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက နိရဥ္စရာကို ပြောသည်။
သုသာန်တွင် အမှိုက်ရှင်းလင်းခြင်းမှာ အလွန်ပင် ဂုဏ်ယူစရာကောင်းသည်ဟုလည်း မင်းပြားမြို့ခံ ကိုညီညီအောင်က ပြောသည်။
“ဒါကမြို့အတွက် အရမ်းကောင်းပါတယ်။ နောက်ထပ်လည်း လုပ်နိုင်ရင်ပိုကောင်းပါတယ်”ဟု ပြောသည်။
မင်းပြားမြို့ မြို့မသုသာန်တွင် ယခုကဲ့သို့ အမှိုက်ကောက်ကမ်ပိန်းပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4729658133712893