”ဖမ်းဆီးခံကျောင်းသားများနဲ့ အပြစ်မဲ့ပြည်သူများကို ချက်ချင်းလွှတ်ပေး”ရန် စစ်တွေမြို့တွင် ကမ်ပိန်းပြုလုပ်

By Narinjara/ 2021 September 4

အောင်ဇံ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ပေါ်နေရာအနှံ့အပြားတွင် ”ဖမ်းဆီးခံကျောင်းသားများနဲ့ အပြစ်မဲ့ ပြည်သူများကို ချက်ချင်းလွှတ်ပေး” စာသားများအား ဆေးမှုတ်ကာ ကမ်ပိန်းတစ်ခုပြုလုပ်ထားကြောင်း သတင်းရရှိသည်။

အဆိုပါကမ်ပိန်းကို စက်တင်ဘာလ ၃ ရက် ည ၁၁ ခန့်က စစ်တွေမြို့ မြို့ပေါ်ရပ်ကွက်အချို့မှ လူစည်ကားတတ်သည့်နေရာများရှိ လမ်းမများပေါ်တွင် မှုတ်ဆေးများဖြင့် ဆေးမှုတ်ထားခြင်းဖြစ်သည်။

လမ်းမများပေါ်တွင် မှုတ်ဆေးဖြင့်ရေးသားထားသည့်စာသားများမှာ ”တရားရီးမဏ္ဍိုင်ပျက်ပြားနေသည်”၊ “ဖမ်းဆီးခံကျောင်းသားတိအား ချက်ချင်းလွှတ်”၊ “အပြစ်မဲ့ ပြည်သူတိအား ချက်ချင်းလွှတ်”တို့ဖြစ်သည်ကိုတွေ့ရသည်။

စာသားများ ဆေးမှုတ်ထားသည့်နေရာများမှာ စစ်တွေလမ်းမကြီးရှိ မြလက်ဘက်ရည်ဆိုင်လမ်း မီးပွိုင့်၊ မိဇံရပ်ကွက်ရှိ ကိုးရီးယားဆိပ်ကမ်းတံလားအောက်လမ်းနှင့် အဓိဋ္ဌာန်ဆရာတော်ဘုရားရှေ့လမ်း၊ ဘောက်သီးစုရပ်ကွက်ရှိ အထက (၂)လမ်းဆုံ၊ ကျေးပင်ကြီးရပ်ကွက် ဆေးရုံလမ်းကြား၊ ပြည်တော်သာရပ်ကွက် ပြည်နယ်အစိုးရအိမ်ရာရှေ့လမ်း၊ ရွှေပြားရပ်ကွက်ရှိ ရခိုင်အမျိုးသားပါတီရုံးအနီးလမ်းကြားတို့ဖြစ်ကြောင်း သိရသည်။

မည်သူတို့က ယခုကဲ့သို့ပြုလုပ်ထားသည်ကို လောလောဆယ် မသိရသေးပေ။

https://www.facebook.com/narinjara.info/posts/4649999368345437

Leave a Reply

Your email address will not be published.