By Western News/ 2021 September 4
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လူစည်းကားသည့်နေရာအချို့မှ လမ်းမပေါ်တွင် “ဖမ်းဆီးခံကျောင်းသားများ ချက်ချင်းလွှတ်၊ အပြစ်မဲ့ပြည်သူများ ချက်ချင်းလွှတ်၊ တရားရေးမဏ္ဍိုင် ပျက်ပြားနေသည်” စာသားပါဆေးမှုတ်၍ ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ကြသည်။
စက်တင်ဘာလ ၃ ရက် ညနေ ၁၁ နာရီကျော်တွင် ပြည်နယ်အစိုးရအိမ်ရာရှေ့လမ်း၊ ရခိုင်အမျိုးသားပါတီရုံးအနီး လမ်းကြား၊ ပြည်သူ့ဆေးရုံကြီးလမ်းကြား၊ အ.ထ.က(၂)လမ်းဆုံ၊ မြလက်ဘက်ရည်ဆိုင်ရှေ့လမ်းနှင့် ကိုးရီးယား (BXT) ဆိပ်ကမ်းတို့တွင် မှုတ်ဆေးများဖြင့် ပြုလုပ်ထားသည်ကိုတွေ့ရသည်။
မည်သူက ယခုကဲ့သို့ပြုလုပ်ထားသည်ကို မသိရသလို ယခင်ကလည်း စစ်တွမြို့ လူစည်းကာသည့်နေရာအချို့မှ လမ်းမပေါ်တွင် ဖက်ဆစ်စစ်တပ်အလိုမရှိ၊ No Bloody Government၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ပြည်တွင်းစစ် ရပ်စဲပါ၊ တပ်မတော် အလင်းဝင်ပါ” စာသားပါ စာရွက်များနှင့် မှုတ်ဆေးသုံးပြီး အုတ်နံရံများတွင် ကပ်၍ စသည့်ကမ်ပိန်း ပြုလုပ်ခဲ့ကြသည်။
https://www.facebook.com/westernnewsagency/posts/363595748780269