ပုဏ္ဏားကျွန်းရှိ ကင်းချောင်းဆိပ်ခံတံတားအောက်၌ လူသေအလောင်းတွေ့

By Narinjara/ 2021 September 27

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်၊ ကင်းချောင်းအတွင်း သင်္ဘောဆိပ်ခံတံတားအောက်၌ ယနေ့ နံနက် ၆ နာရီခန့်က လူသေအလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။

အဆိုပါလူသေအလောင်းမှာ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်မှ ဦးကျော်သန်း(၅၈)နှစ်ဖြစ်ကြောင်း အလောင်းအား ကိုယ်တိုင်မြင်တွေ့ခဲ့သူ ပုဏ္ဏားကျွန်းမြို့ခံ ဦးမောင်ယဉ်က နိရဥ္စရာအားပြောသည်။

“အလောင်းကတော့ ဒဏ်ရာတွေဘာတွေတော့မမြင်မိဘူး။ မပုပ်သေးပါဘူး။ သေတာမကြာသေးပုံပါပဲ။ ရဲစခန်းကလာကြည့်တာမတွေ့သေးဘူး” ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ ဦးခင်မောင်ဝင်းက သေဆုံးသူမှာ အရက်အလွန်အကျွံ သောက်သုံးသူဖြစ်ပြီး လက်ရှိတွင် အလောင်းအား နာရေးကူညီမှုအသင်းနှင့်မိသားစုဝင်များက တင်ယူသွားကြောင်း ပြောသည်။

“သင်္ဂြိုလ်ဖို့လုပ်ဆောင်ဖို့ယူသွားကြပြီလို့သိရတယ်။ အလောင်းမှာတော့ ဒဏ်ရာဒဏ်ချက်တွေလည်း မတွေ့ရဘူး။ နှာခေါင်းက သွေးတော့နည်းနည်းထွက်နေတယ်။” ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ်ကျော်စိုးလွင်က အဆိုပါကိစ္စမှာဟုတ်မှန်သော်လည်း အမှုဖွင့်ဆောင်ရွက်ထားခြင်းမရှိကြောင်း ပြောသည်။

https://www.facebook.com/narinjara.info/posts/4725797694098937

Leave a Reply

Your email address will not be published.