ပရဟိတလူငယ်အသင်းနှင့် မရမာကြီးလူငယ်ကွန်ယက်တို့မှ အိမ်ထောင်စု ၄၀၀ အား ကိုဗစ်ကာကွယ်ရေးပစ္စည်းနှင့် စားနပ်ရိက္ခာများ ထောက်ပံ့

By Western News/ 2021 September 3

ပရဟိတလူငယ်အသင်း (CYO)နှင့် မရမာကြီးလူငယ်ကွန်ယက် (MYN) တို့စုပေါင်းကာ စစ်တွေမြို့ပေါ်ရပ်ကွက်တချို့နှင့်ကျေးရွာတချို့မှ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု ၄၀၀ ကို ယနေ့ စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းက ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်။

ထောက်ပံ့ရာတွင် ဆန်၊ ဆီ၊ အာလူး၊ ပဲ၊ ငရုပ်သီးခြောက်၊ ကြက်ဥ၊ Mask ၊ လက်သန့်ဆေးရည်နှင့် ဆပ်ပြာတို့ပါဝင်သည်။

အဆိုပါ စားနပ်ရိက္ခာများနှင့် ကိုဗစ်အသုံးအဆောင်ပစ္စည်းများကို စစ်တွေမြို့ပေါ်မှ ဓညဝတီ (ခ) ရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ကသဲရပ်ကွက်၊ ကျေးတောကျေးရွာနှင့် ရွာသာယာကျေးရွာတို့မှ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကိုထောက်ပံ့ပေးခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/363048822168295

Leave a Reply

Your email address will not be published.