တင်းမရွာသား ၁၈ ဦးအမှု အမြန်ဆုံးဖြေရှင်းပေးရန် မိသားစုဝင်များ တောင်းဆို

By Irrawaddy/ 2021 September 1

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမ(ကြီး) ကျေးရွာသား ၁၀ ဦးနှင့် တင်းမ(သစ်) ကျေးရွာမှ ၈ ဦး စုစုပေါင်း ရွာ သား ၁၈ ဦးအား စစ်တပ်က ဖမ်းဆီးခဲ့သည်မှာ ၁ နှစ်ခွဲနီးပါး ကြာမြင့်နေပြီ ဖြစ်သောကြောင့် အသက်ရှင်လျက် ရှိမရှိ ဖြေ ရှင်းပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်ကာလ ၂၀၂၀ မတ်လဆန်းပိုင်းက အဆိုပါ တင်းမရွာ အနီးသို့ စစ်တပ်က ရောက်ရှိလာပြီး ကျေးရွာအနီးရှိ တောင်ရှည်တောင်တန်းတွင် တပ်စွဲနေထိုင်ပြီးနောက် ယင်းရွာသား များအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရချိန်က တင်းမရွာသား ၁၈ ဦးအား မည်သည့် နေရာတွင် ဖမ်းဆီးထိန်းသိမ်း ထားသည်ကို မသိရှိရသလို သက်ဆိုင်ရာဌာဆိုင်များထံ တိုင်ကြားခဲ့သော်လည်း လက်ရှိ အချိန်အထိ တစုံတရာ အကြောင်းထူးခြင်း မရှိသေးကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက ဆိုသည်။

ဖမ်းဆီးခံရသူ မောင်ထွန်းထွန်းဝေ၏မိခင် ဒေါ်အေးရီက “ကျမသားလေးကို ဖမ်းသွားကတည်းက ဘာသတင်းမှလည်း မရ ဘူး။ စစ်သားတွေက သားလေးကို ပေါ်တာအနေနဲ့ အလုပ်ခိုင်းထားတာလား။ ဘာလုပ်ထားလဲဆိုတာ သိချင်တယ်။ ကျန်း ကျန်းမာမာနဲ့ ပြန်လာတာကို လိုချင်တယ်။ အသက်ရှင်လျက် ရှိသေးလား၊ မရှိတော့ဘူးလား။ တိတိကျကျ တခုတော့ ကျမ တို့ သိချင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

စစ်တပ်က ဖမ်းဆီးသွားသော မောင်ထွန်းထွန်းဝေသည် အသက် ၁၄ နှစ် အရွယ်သာရှိသေးပြီး ၈ တန်း ကျောင်းသားတဦး ဖြစ်ကြောင်းကို ကျောက်တော်မြို့နယ် ပညာရေးမှူးကထောက်ခံချက် ပေးထားပြီး ယင်းထောက်ခံချက်ကိုလည်း သက်ဆိုင် ရာ ရဲစခန်းများ၌ အထောက်အထားပြကာ တိုင်ကြားမှုများ ပြုလုပ်ခဲ့သည်ဟု ဒေါ်အေးရီက ပြောဆိုသည်။

စစ်တပ်က ဖမ်းဆီးသွားသော တင်းမကြီး ကျေးရွာသားများမှာ ဦးမောင်ဝင်းကြီး ၄၈ နှစ်၊ ဦးမောင်ဝင်းချေ ၄၂ နှစ်၊ ဦးကြည် လင်း ၃၆ နှစ်၊ ဦးအောင်ညွန့် ၆၀ နှစ်၊ ဦးမောင်ဝန်းစိန် ၅၀ နှစ်၊ ဦးသန်းမောင်ထွန်း ၄၀ နှစ်၊ မောင်ထွန်းထွန်းဝေ ၁၄ နှစ်၊ ဦး ယဉ်မောင် ၃၈ နှစ်၊ ကိုနေလင်းဦး ၂၅ နှစ်နှင့် ဦးထွန်းမောင်ဝင်း ၄၂ နှစ်တို့ ဖြစ်သည်။

ဖမ်းဆီးခံ ကိုနေလင်းဦး၏ဖခင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝန်းက “ကျနော်သား အသက် ရှိသေးလား၊ မရှိတော့ဘူးလား ဆိုတာ အခုထိ ဘာမှ မသိရဘူး။ ကျနော်တို့ သိတာဆိုလို့ ဖမ်းသွားတာ တခုပဲ သိတယ်။ ကျန်ရစ်သူ မိသားစုတွေ အနေနဲ့ကတော့ တနေ့ လာနိုးလာနိုးနဲ့ မျှော်နေရတယ်။ အသက်နဲ့ ရှိသေးလား၊ မရှိတော့ဘူးလား ဆိုတာ တခုခုကိုတော့ ကျနော်ကို ဖြေရှင်းပေးစေချင်တယ်” ဟု ပြောသည်။

ကိုနေလင်းဦးသည် မွေးရာပါ ဆွံ့အနားမကြားသူ တဦးဖြစ်ပြီး စစ်တပ်က ဖမ်းဆီးခဲ့ချိန်တွင် မိသားစုဝင်များက ပြောပြ ခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ တင်းမကြီး ကျေးရွာသားများကို ၂၀၂၁၊ မတ် ၁၆ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်က ကျေးရွာအနီး တောင် ရှည်တောင်တန်းတွင် တပ်စွဲထားသော တပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း သေနတ်ပစ်ခတ် ဝင်လာပြီး မိသားစုဝင်များ ဝိုင်းဖွဲ့ထမင်းစားနေစဉ် မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ရိုက်နှက် ဖမ်းဆီးသွားခြင်း ဖြစ်သ လို တင်းမ(သစ်) ကျေးရွာမှ ရွာသား ၈ ဦးကိုလည်း ၂၀၂၀၊ မတ် ၁၃ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်က ကျေးရွာအတွင်း သို့ စစ်တပ်က လာရောက်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသည့် တင်းမ(သစ်) ရွာသားများမှာ ဦးမောင်စိတ်ကြီး ၇၁ နှစ်၊ ဦးကျော်ဝင်းမောင် ၃၆ နှစ်၊ ဦးလှကျော်ကြီး ၇၀ နှစ်၊ ဦးမောင်သန်းစိုး ၃၄ နှစ်၊ ဦးစောရွှေသန်း ၄၅ နှစ်၊ ဦးစံသာမောင် ၅၂ နှစ်၊ ဦးမောင်မြင့်အေး ၄၉ နှစ်၊ ဦးမောင် ထွန်းစိန် ၆၂ တို့ ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောပြချက်ချက်အရ သိရသည်။

အဆိုပါ ရွာသား ၁၈ ဦးကို စစ်တပ်က ဖမ်းဆီးကာ သတင်းအစအန ပျောက်နေမှု အပါအဝင် အိမ်ခြေ ၇၀၀ ကျော် ရှိသော တင်းမရွာ မီးရှို့ခံရမှု ကိစ္စနှင့် ပတ်သက်ပြီး မိသားစုဝင်များနှင့်တကွ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက ထိုစဉ်က နိုင် ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့များထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ အကြောင်းမထူးခဲ့ပေ။

၂၀၂၀ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ယင်းတင်းမကျေးရွာသားများ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး အထက်ညွှန်ကြားသည်ဟု ဆိုကာ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ကာယကံရှင်များကို ခေါ်ယူပြီး သက်သေထွက်ချက်များ ရယူခဲ့ကြောင်း သိရသည်။

သို့သော် ဖမ်းဆီးခံ မိသားစုဝင်များမှာ စားဝတ်နေရေး အခက်အခဲ၊ လမ်းစရိတ်အခက်အခဲ၊ လမ်းခရီးတလျှောက် စစ်ဆေးရေး ဂိတ်များတွင် ဖမ်းဆီးခံရမည့်အရေး စသည်တို့ကြောင့် မိသားစုဝင် အများစုက သွားရောက် အစစ်မခံနိုင်သည့် အတွက် ၂၀၂၁ ဇန်နဝါရီ လဆန်းပိုင်းတွင် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု တင်းမရွာသားများက ပြောသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့ သူ ဦးကျော်ဝင်း၊ အဖွဲ့ဝင်များအဖြစ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူရ၊ တင်းမကျေးရွာမှ ရပ်ဖိရပ်ဖ ဦးထွန်းသိန်းတို့ ပါဝင် ကြောင်း သိရသည်။

စုံစမ်းစစ်ရေးအဖွဲ့ဝင် ဦးထွန်းသိန်းက “ကျနော်တို့အဖွဲ့က မိသားစုဝင် တယောက်ချင်းစီကို ခေါ်ယူပြီး သူတို့ရဲ့ ထွက်ချက် ယူ တာပေါ့။ တယောက်ဖြစ်စဉ်နဲ့ တယောက်တော့ မတူကြဘူးပေါ့။ တချို့ကတော့ သူ့အမျိုးသားကို ဝင်ဖမ်းချိန် ထမင်းဝိုင်း ကို ခြေဖြတ်ကန်တယ်။ ပြီးမှမျက်နှာကို လက်သီးနဲ့ထိုးတယ်။ အဲဒီလိုတွေ ထွက်ဆိုတယ်။ မိသားစုဝင် အားလုံးကတော့ တပ်မ ၅၅ တပ်ဖွဲ့က ဖမ်းတာဆိုတာ ထွက်ဆိုတယ်” ဟု ဧရာဝတီကို ပြောသည်။

သို့သော် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးထွန်းသိန်း အနေဖြင့် ယင်းမိသားစုဝင်များ၏ ထွက်ဆိုချက်များကို မြောက်ဦးခရိုင် ရဲတပ်ဖွဲ့ရုံးသို့ ပို့ဆောင်ပေးလိုက်သည်ဟုသာ သိရှိရပြီး ထိုမှတဆင့် အထက်ဌာနများသို့ ရောက်ရှိခြင်း ရှိ၊ မရှိကို မသိရှိ သလို ယနေ့ အချိန်အထိလည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တစုံတရာ အကြောင်းထူးမလာသေးသည်ဟု ဆိုသည်။


ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီး တောင်ရှည်တောင်တန်းတွင် လက်ရှိ အချိန်အထိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အခိုင်အမာ တပ်စွဲနေထိုင်လျက်ရှိရာ တိမ်းရှောင်နေရသည့် ကျေးရွာသားများ အနေဖြင့် နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးပေ။

တင်းမရွာဦးကျောင်းတိုက် ဆရာတော်က ကျေးရွာသားများ နေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ် အိမ်စောင့်အစိုးရအဖွဲ့ထံ တင်ပြထားပြီး မိုးရာသီကုန်လျှင် ရွာပြန်နိုင်ရန် မျှော်မှန်းထားကြောင်း မိန့်သည်။

ဆရာတော်က “မိုးလည်းကုန်မယ်။ တိုက်ပွဲလည်း မရှိဘူးဆိုရင်တော့ ရွာသားအားလုံး ပြန်မယ်လို့တော့ စိတ်ကူးထားကြ တယ်။ ဒါပေမဲ့လည်း အဖမ်းခံရတဲ့ ရွာသားတွေ အမှုကိုတော့ နိုင်ငံတော် အကြီးအကဲတွေက တခုခုတော့ ဖြေရှင်းပေးသင့် တယ်။ အသက်ရှင်လျက် ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာ။ ဒီအမှုက သေဆုံးသွားပြီ ဆိုရင်လည်း တရားဥပဒေ ကတော့ သေဆုံးလို့ မရဘူး။ တခုခု ဖြေရှင်းပေးရမယ်” ဟု ဆိုသည်။

ယခုအခါ စစ်တပ်နှင့် AA အပစ်ရပ်ခဲ့သည်မှာ အချိန်ကာလအတိုင်းအတာတခု အထိ ရောက်ရှိနေပြီဖြစ်သော်လည်း ဖမ်းဆီးခံရွာသားများ၏ သတင်းမှာ အစအနပျောက်လျှက်ပင် ရှိ၏။

https://www.facebook.com/theirrawaddyburmese/posts/4823571487686965

Leave a Reply

Your email address will not be published.