စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြခဲ့သည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၂ လချမှတ်

By Western News/ 2021 September 17

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တောင်ကုတ်မြို့နယ် အမတ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင်ကိုသန့်ဇင်ဖြိုးတို့အား ယနေ့စက်တင်ဘာ ၁၇ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ် ၂ လချမှတ်လိုက်သည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အား ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အတွက်အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချလိုက်မှတ်ပြီး ဘေးစီမံအတွက် အလုပ်ကြမ်းနှင်ထောင်ဒဏ်၂ လချမှတ်လိုက်သည်ဟုအမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။

“ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အတွက် ဒီနေ့မနက်ပိုင်းက အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့ကြပြီး နေ့လည်ပိုင်း ၁ နာရီမှာ အမိန့်ချမှတ်လိုက်ပါတယ်။ ဘေးစီမံနဲ့ပတ်သက် ပြီးတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ လချမှတ်တယ်။ ငြိမ်းစုစီအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ကျခံစေလို့ အမိန့်ချလိုက်ပါတယ်။ ချုပ်ရက်အပါအဝင်ပေါ့”ဟုပြောသည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့သည့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံခဲရခြင်းဖြစ်သည်။

ယင်းနောက် ၎င်းတို့နှစ်ဦးကို တောင်ကုတ်မြို့မရဲစခန်းမှ ဒုရဲမှူးဇော်လတ်က တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး သံတွဲခရိုင် သဘာဝဘေးအန္တရာယ်နှင့် ကာကွယ်ရေးပစ္စည်းထိန်းသိမ်းရေးဌာနမှ ဦးစီးမှူး ဒေါ်မဉ်ဇူသင်းက တရားလိုလုပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

ဦးမင်းအောင်နှင့်ကိုသန့်ဇင်ဖြိုးတို့ကို လက်ရှိတွင်သံတွဲအကျဉ်းထောင်သို့ပို့ဆောင်လိုက်ပြီး စစ်တွေထောင်သို့ ပို့ဆောင်နိုင်ခြေရှိသည်ဟု သိရသည်။

လက်ရှိတွင် ဦးမင်းအောင်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် တရားရင်ဆိုင်နေရသည်။

https://www.facebook.com/westernnewsagency/posts/372182987921545

Leave a Reply

Your email address will not be published.