စစ်တွေပွိုင့်ကမ်းခြေသွားလမ်းကမ်းစပ်တွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

By Narinjara/ 2021 September 12

ချစ်အိလှိုင်

Photo – ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကမ်းနားလမ်း၊ တြိဂံလမ်းဆုံအနီး ပွိုင့်ကမ်းခြေသွားလမ်း သောင်စပ်၊ ဒီရေတောခြုံပုတ်ထဲတွင် အမည်မသိအမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအလောင်းမှာ အသက်(၃ဝ) ကျော်အရွယ်ခန့်ရှိပြီး ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီခွဲခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသည်မှာ ရက်အနည်းငယ်ခန့်ရှိပြီဟု ခန့်မှန်းရကြောင်း စစ်တွေမြို့မှ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဒု-ဥက္ကဋ္ဌ ကိုမင်းသာဂီက နိရဥ္စရာအား ပြောသည်။

“အလောင်းက အနံ့ထွက်နေပါပြီ။ အရုပ်ကပျက်နေလို့ ဘယ်သူဘယ်ဝါမသိရသေးပါဘူး။ အလောင်းတွေ့တယ်လို့ လမ်းသွားလမ်းလာတွေသတင်းပို့လာလို့သိရတာပါ။ ကျွန်တော်တို့ရောက်ပြီး ခဏနေတော့ ရဲနဲ့ နာရေးကူညီမှုအသင်းကရောက်လာပြီး အခုဆေးရုံရင်ခွဲရုံကိုပို့ထားပါတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်းမှူးအား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ၎င်းမှာ ဆေးရုံရင်ခွဲရုံသို့ ရောက်နေသဖြင့် တစ်စုံတစ်ရာဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြောသည်။

https://www.facebook.com/narinjara.info/posts/4676695935675780

Leave a Reply

Your email address will not be published.