ဂွမြို့နယ် ကျိန္တလီမြို့ဆေးရုံအတွက် ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ ခွဲစိတ်ခန်းသုံး PAPR ဝတ်စုံ ၂ စုံ လှူဒါန်း

By Narinjara/ 2021 September 20

ပြည်စိုးလူ

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့ပြည်သူ့ဆေးရုံအတွက် ကျပ်သိန်း ၂၀ နှင့် ၄ သောင်းကျပ်တန်ဖိုးရှိသည့် ခွဲစိတ်ခန်းသုံး PAPR ဝတ်စုံ ၂ စုံကို We Love Rakhine ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် ဇနီးဒေါ်ယဉ်မင်းဦးမိသားစုက လှူဒါန်းလိုက်ကြောင်း သိရသည်။

ကျိန္တလီပြည်သူ့ဆေးရုံတွင် ကိုဗစ်ကာလအတွင်း တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များအတွက် ကျန်းမာရေးအရ လုံခြုံမှုရှိစေရန် ယနေ့ စက်တင်ဘာလ ၂ဝ ရက် နံနက်ပိုင်းက လှူဒါန်းလိုက်ခြင်းဖြစ်သည်ဟု We Love Rakhine အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ကိုတင်ငြိမ်းဦးက ပြောသည်။

“PAPR ဝတ်စုံ ဆိုတာက ဆရာဝန်တွေ ခွဲစိတ်ခန်းမှာ သုံးတဲ့ဟာပေါ့။ စက် ၄ လုံးပါတယ်ဆိုတော့ လေသန့်စင်ပေးတယ်။ ပိုးတွေဘာတွေသန့်စင်ပေးတယ်ဆိုတော့ ဆရာဝန်တွေအတွက် Security ဖြစ်တဲ့ ဝတ်စုံမျိုးပါ”ဟု ပြောသည်။

PAPR ဝတ်စုံများလိုအပ်ကြောင်း ကျိန္တလီမြို့ရှိ We Love Rakhine အဖွဲ့က တင်ပြလာသည့်အတွက် ယခုကဲ့သို့ လှူဒါန်းလိုက်ရခြင်းဖြစ်သည်ဟုလည်း သူက ပြောသည်။

We Love Rakhine အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ရန် စိတ်ပါဝင်စားသူများဖြင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်တွင် စတင်တည်ထောင်ခဲ့သည့် ဖွဲ့အစည်းတစ်ခုဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4703199783025395

Leave a Reply

Your email address will not be published.