By Western News/ 2021 September 15
ရခိုင်တွင် အသက် ၂ နှစ်ခွဲနှင့် ၁၄ နှစ်ကြား ကျောင်းနေအရွယ် ကလေးငယ်များကို စာဖတ်ခြင်းဖြင့် ဗဟုသုတရစေ ရန်အတွက် ဆောင်ရွက်ပေးနေသည့် ရေတံခွန်ရွေ့လျားစာကြည့်တိုက်မှာ စာအုပ်လိုအပ်နေကြောင်း ဦးဆောင် လုပ်ကိုင်နေသူကပြောသည်။
အဆိုပါ ရေတံခွန်ရွေ့လျား စာကြည့်တိုက်ကို ယခင်က ပြည်မဖက်မှ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အလှူရှင်များ က စာအုပ်လှူဒါန်းများရှိ၍ ပုံမှန်အတိုင်း လုပ်ဆောင်ခဲ့သော်လည်း ယခုနှစ် ပြန်လည်လုပ်ဆောင်ရာတွင် နိုင်ငံရေး အခြေအနေနှင့် ကိုဗစ်ရောဂါတို့ကြောင့် လှူဒါန်းမှုများမရှိကြောင်းသိရသည်။
ကလးငယ်များ စာဖတ်ဝါသနာပါစေရန်၊ ငွေကြေးမတတ်နိုင်သည့် ကလေးငယ်များလည်းဖတ်နိုင်ရန်နှင့် ကလေး ငယ်များဗဟုတကြွယ်ဝစေရန်ရည်ရွည်ချက်ဖြင့် ရေတံခွန်ရွေ့လျားစာကြည့်တိုက်ကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
လက်ရှိတွင် စာအုပ်လှူဒါန်းမှုမရှိသည့်အတွက် စာအုပ်လိုအပ်မှုအခက်အခဲရှိနေသည်ဟု ရေတံခွန်ရွေ့လျား စာ ကြည့် တိုက်ကို စတင်လုပ်ဆောင်သူ မသန္တာကျော်ဇောကပြောသည်။
“ကျွန်မတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကလေးတွေကိုစာဖတ်ဝါသနာပါစေဖို့အတွက်ပေါ့၊ အရင်တုန်းကလို စာအုပ်ဌားဆိုင်တွေစာကြည့်တိုက်တွေမရှိတော့ ကလေးတွေက ဖုန်းနဲ့အချိန်ကုန်ကြတာများတယ်။ အဲ့ဒီအစား စာဖတ်ကြဖို့ပေါ့။ ပြီးတော့ ဝမ်းရေးအတွက်လုပ်ဆောင်နေရလို့ မိဘတွေစာအုပ်ဝယ်မပေးနိုင်တဲ့ ကလေးတွေ လည်းရှိတယ်။ အဲ့လို ကလေးတွေ အားလုံးစာဖတ်နိုင်ဖို့အတွက် ကျွန်မတို့က အဓိက ရည်ရွယ်တာပေါ့။ အရင် တုန်း ကစာအုပ်တွေလှူဒါန်းကြတာတွေရှိတယ်။ခုက နိုင်ငံရေးအခြအနေနဲ့ ကိုဗစ်ကြောင့် စာအုပ်လှူ ဒါန်းမှုတွေ မရှိ ကြတော့ဘူး။ ကလေးတွေအားလုံးစာဖတ်ဖို့ စာအုပ်အခက်အခဲရှိတာပေါ့”ဟုပြောသည်။
ယင်းပြင် ၂၀၁၉ ခုနှစ်နောက်ပိုင်း စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ စသည့်မြို့နယ်များရှိ စစ်ဘေးဒုက္ခသည်စခန်းမှ ကလေးငယ်များကို ကိုယ်တိုင်သွားရောက်ပြီး ပုံပြင် ပြောခြင်း၊ ပုံဆွဲခိုင်းခြင်းများနှင့် အသက်အရွယ်လိုက်၍ ဗဟုသုတစာအုပ်များပါ ဖတ်စေရန်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ရွေ့လျား ရေတံခွန်စာကြည့်တိုက်ကို ကိုဗစ်ကြောင့် လုပ်ဆောင်မှုရပ်နားခဲ့ရပြီး လက်ရှိတွင် ပြီးခဲ့သည့် စက်တင် ဘာ ၁၁ ရက်နေ့မှ စကာ စစ်တွေမြို့ မင်းဂံရပ်ကွက် ကယ်ဆယ်ရေးအကွက်ရှိ၊ တိုးချဲ့အကွက်တွင် စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း မသန္တာကျော်ဇောကပြောသည်။
“ကျွန်မတို့ အရင်တုန်းက စစ်တွေမြို့မှာရှိတဲ့ ABC မိဘမဲ့ ကလေးသူငယ်ဖောင်ဒေးရှင်းတို့၊ အစိုးရမူလတန်းစာ သင်ကျောင်းမှာ လုပ်ဆောင်ခဲ့တာပေါ့။ ၂၀၁၉ နောက်ပိုင်းဆိုရင် စစ်ဘေးရှောင်စခန်းတွေကိုပါ သွားရောက် လုပ်ဆောင်ကြပါတယ်။ ကိုဗစ်ကြောင့် ရပ်နားထားရတာတော့ နည်းနည်းကြာပြီ။ စက်တင်ဘာ ၁၁ ရက်နေ့က ပြန်စပါတယ်”ဟုပြောသည်။
Waterfall Mobile Libaryကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှ စစ်တွေ၊ ကျောက်တော၊ မြောက်ဦး၊ မင်းပြား၊ မောင်တော စသည့် မြို့နယ်များမှ ကလေးငယ်များကို စာဖတ်နိုင်ရန် ဆောင် ရွက်ခဲ့ကြောင်းသိရှိရသည်။
https://www.facebook.com/westernnewsagency/posts/370926944713816