By Western News/ 2021 September 4
ကိုဗစ်စည်းကမ်း မလိုက်နာသူဟုဆိုကာ အမျိုးသား၊ အမျိုးသမီး ၃၂ ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ရခိုင်ပြည်နယ် ကောင်စီအဖွဲ့ဝင် သတင်းနှင့် ပြန်ကြားရေး ပြည်နယ်ဉပေဒေချုပ် ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းတွင်ရေးသားသည်။
စစ်တွေမြို့တွင် ကိုဗစ်ကာလတွင်း စားသောက်ဆိုင်၌ လူစုလူဝေးများပြုလုပ်နေခြင်းကို သတင်းရ၍ ပြည်နယ် ကောင်စီမှ ယမန်နေ့ စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးအရေးယူမှုပြုလုပ်ခဲ့ကြောင်း ၄င်းစာမျက်နှာတွင် ရေးသည်။
ဖမ်းဆီးခဲ့သူများမှာ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ဖြစ်ပြီး စစ်တွေမြို့ ကန်တော်ကြီးအကွက်(၄) ရဲစခန်း နောက်ဖက်ရှိ စားသောက်ဆိုင်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသည်။
အဆိုပါ ဖမ်းဆီးခံသူများကို စစ်တွေ မြို့မစခန်းမှူး ဒုရဲမှူး ဆန်းကျော်ထွန်းမှ တရားလိုပြုလုပ်ကာ သဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုပုဒ်မ ၂၅/၂၉ ဖြင့်အမှုဖွင့်ပြီး ဒုရဲအုပ် ဇော်မင်းထွန်းက အမှုအားလက်ခံစစ်ဆေးလျက်ရှိကြောင်းဖော်ပြသည်။
ဖမ်းဆီးခံရသည့် သူများမှာ စစ်တွေမြို့မှ အများဆုံးဖြစ်ပြီး မြောက်ဦး၊ တောင်ကုတ်မြို့နှင့် တစ်ခြား ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ ချင်းပြည်နယ် စသည့်တိုင်းဒေသကြီး ပြည်နယ်များမှ ပါဝင်ကြသည်ဟု ၄င်း၏ စာမျက်နှာတွင် ရေးသားထားသည်။
https://www.facebook.com/westernnewsagency/posts/364316555374855